Chapter 17 က်င္​့ၾကံသူ (၂)

1.7K 272 15
                                    

[Unicode]

Chapter 17 : ကျင့်ကြံသူ ( ၂ )

" နင်ပြောချင်တာက လူသားတွေလည်းစားလို့ရတယ်ပေါ့ ဟုတ်လား? "

" ... " ဘာမှမပြောချင်တော့သော
' ပြားငါးရာတန် ' ဟာ သိမ်ငယ်စွာဖြင့်သာ ခေါင်းငြိမ့်ပြလိုက်တော့သည်။

Ye Yu ဆက်၍ပြောလိုက်သည်။ " ဒါပေမဲ့ ငါလေးက မဝချင်ဘူးလေ။ "

' ပြားငါးရာတန် ' ဆွံ့အနေ၏။

" နင်ပြောချင်တာက ဒီအသီးတွေက လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးတယ်... သူတို့ရဲ့သက်တမ်းကို ဆွဲဆန့့်ပေးတယ်ပြီးတော့ လူတစ်ယောက်ကို မဝစေဘူး...? "

' ပြားငါးရာတန် ' နောက်တစ်ကြိမ် ဆွံ့အသွားပြန်၏။

အမှန်တကယ်မှာတော့ သူဘာမှကိုမပြောချင်တော့တာဖြစ်သည်။

" ကောင်းပြီလေ။ "

[ T/ N : ကိုယ်တို့ရဲ့ MC ကို ကမ္ဘာ့အတွေးနိုင်ဆုံးဆုပေးလိုက်ကြရအောင်ဗျာ ]

Ye Yu ၏အမူအရာပြောင်းလဲသွားကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အမြန်ဒူးခေါင်းကွေးချလိုက်ကာ အသီးတွေကို သူမလက်မောင်းထဲသို့ထည့်လိုက်သည်။

သို့သော် ' ပြားငါးရာတန် ' သည်ကား သူမထက်ပို၍လျင်မြန်စွာ တုန့်ပြန်လိုက်၏။

ပါပီလေးဟာ ခုန်အုပ်လိုက်ပြီး Ye Yu လက်မောင်းထဲရှိ အသီးနှစ်လုံးအား လျက်လိုက်သည်။

Ye Yu ၏လက်ချောင်းထိပ်များတောင်မှ လျက်ခံလိုက်ရခြင်းကြောင့် စိုစွတ်သွား၏။

သို့သော် တရားခံသည်ကား ခေါင်းကော့ရင်မော့၍ ၎င်း၏အမြှီးအား ရှေ့နောက်ခါယမ်းကာ Ye Yu အားကြည့့်နေ၏။

Ye Yu မှာ မမျှော်လင့်ထားဘဲ အံ့သြသွားရ၏။

နှစ်စက္ကန့်ကြာပြီးနောက် သူမဟာ တစ်ခုခုအားတွေးမိပုံပေါ်ပြီး ဝါးလုံးကွဲရယ်သံ ပေါက်ကွဲထွက်လာ၏။

" လက်ဖက်ရည်စံအိမ်မှာ နင်လျက်ခဲ့တဲ့လက်ဖက်ရည်ခွက်ကို ပြန်လဲခိုင်းတဲ့ဟာကို အခုထိစိတ်ဆိုးနေသေးတာလား? "

' ပြားငါးရာတန် ' ၏ စိတ်ကြီးဝင်နေသောအမူအရာမှာ တောင့့်ခဲသွား၏။

I'm Not Your Female Lead ! ( MM Translation) Where stories live. Discover now