
1K 148 2
                                    

[Unicode]

Chapter 28 : ယဲ့ယွီ၏ဘဝလမ်းကြောင်း ( ၂ )

" ဒါပေမဲ့ ဒီတပည့်က ဆန္ဒရှိပါတယ်..... "

" မလုပ်ပါနဲ့တော် မလုပ်တော်မူပါနဲ့ "

ယဲ့ယွီမှာ လီသဲ့စကားစလာခဲ့ကတည်းက ဘယ်သောင်တင်လို့ဘယ်ကမ်းဆိုက်မည်ကိုသိသောကြောင့် ပြောလို့အဆုံးခင်မှာဘဲ တားထားလိုက်ရသည်။

" နင်ဆန္ဒရှိတယ်လို့မပြောစမ်းပါနဲ့။ နင်ဘာတွေ လိုလိုချင်ချင်ဆန္ဒတွေရှိနေတယ်ဆိုတာ ငါသိတယ်။ ငါ့အစွမ်းတွေကို အဲ့ဆရာသခင်ဆိုတဲ့ ကတ်ပေးခံလိုက်ရတဲ့ နေ့ကတည်းက နင့်ကိုတစ်ခါတည်းသင်ပေးလို့ရရင်ငါသင်ပေးပြီးပြီပ။ "

" .... "

လီသဲ့မှာယဲ့ယွီပြောသည်ကိုကြားပြီး တစ်စုံတစ်ယောက်ဟာဖြင့် သူ့မျက်လုံးထဲက စိတ်ပျက်အားငယ်မှုကို အလွယ်တကူမြင်တွေ့နိုင်၏။ ထိုစိတ်ပျက်အားငယ်မှုအပြင် ' ဒီလိုဖြစ်လာမယ်မှန်း သိသားဘဲ ' ဟူသော အရောင်တစ်ချက်ပါရှိနေသည်ကိုလည်း သိနိုင်သည်။

ခဏအကြာမှာဘဲ လီသဲ့စိတ်ငြိမ်သွားပြီး " ဒီတပည့်က ဆရာယဲ့ကို ဆရာလို့သတ်မှတ်ပြီးမှတော့ ဆရာကဆရာ့ပညာအစွမ်းတွေကိုမသင်ပြပေးနိုင်ရင်တောင်မှ ဒီတပည့်က ဆရာ့ဘေးမှာလိုလိုချင်ချင်နေဖို့ ဆန္ဒရှိပါတယ်။ "

ယဲ့ယွီသည် လီသဲ့၏အမူအရာအား လေ့လာနေ၏။ သို့သော် အခြားတစ်ဖက်က ဟန်ဆောင်ပြောနေခြင်းမဟုတ်သည်ကို မြင်မှ ယဲ့ယွီ မြန်မြန်ဆန်ဆန်ဘဲငြင်းဆိုလိုက်သည်။

" မလိုဘူး..ရတယ်။ အဲ့လီကျွင်းဆိုတဲ့စီးပွားရေးသမားကို ငါလေ့လာပြီးပြီ။ သူကအနာဂတ်မှာ ကံကောင်းခြင်းအကျိုးရလဒ်တွေ အများကြီးရှိလိမ့်မယ်။ ငါ့တပည့်တစ်ယောက်အနေနဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်သင့်တာပေါ့။ ဒါမှ နောက်တစ်ကြိမ်သူရှေ့ဖြစ်လာဟောခိုင်းရင်တော့ ဒီဆရာရဲ့အလှည့်ဘဲ! "

လီသဲ့ ဆွံ့အနေပြီဖြစ်သည်။

လီသဲ့မှာ ရာစုနှစ်တစ်ခုလောက်အသက်ရှင်ခဲ့သော်လည်း သူမနောက်နေသည်လား၊ အတည်ပေါက်တကယ်ပြောနေသည်လားကို သူတကယ်ကိုမခန့်မှန်းနိုင်ချေ။

I'm Not Your Female Lead ! ( MM Translation) Where stories live. Discover now