Chapter 33 လူသား ( ၂ )

1.1K 146 8
                                    

[Unicode]

Chapter 33 : လူသား ( ၂ )

' ပြားငါးရာတန် ´ ဟာ ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ယဲ့ယွီကို သူ့ကျောပေါ်မှ ဆင်းခွင့်ပေးလိုက်သည်။ တစ်ဖက်မှာတော့ ယဲ့ယွီဟာ သူပူးပေါင်းလိုက်လျောပေးသည်ကိုမြင်မှ သူမစိတ်ထဲအလုံးကြီးကျသွားသလို သက်ပြင်းချမိသည်။

သူမခြေထောက် မြေပြင်ပေါ်ကျမှ ဘေးကင်းလုံခြုံမှုကိုခံစားရပြီး ယဲ့ယွီတစ်ချက်လောက်ပြုံးကာ ' ပြားငါးရာတန် ´ ၏ နားရွက်တို့ကို ပွတ်ပေးရန်လက်လှမ်းလိုက်သည်။

" လိမ္မာလိုက်တဲ့ ကောင်ကလေး။ နင်နဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် ငါတကယ်ဝမ်းသာမိတယ်။ ဆိုတော့.... လာမယ့်အနာဂတ်မှာ ငါတို့ဘယ်တော့မှပြန်မဆုံကြနဲ့စို့။ " ထိုသို့ပြောပြီးနောက် လှည့်
ထွက်သွားလိုက်သည်။

သူမ၏အနာဂတ်မှာမရေရာမသေချာသော်လည်း ယဲ့ယွီဟာ စိတ်သဘောထားကြီးပြီး ခက်ခဲကြမ်းတမ်းသောအခြေအနေမျိုးကို သူမဘာသာသူမရင်ဆိုင်ဖို့ရာ ဘယ်တော့မှမကြောက်ရွံ့ခဲ့ချေ။ ထို့အပြင် သူမကိုယ်သူမ ဤပြဿနာများနှင့် ဝေးရာဝေးကြောင်းကို ထွက်ခွာရသည့်ခံစားချက်ကို ပိုတောင်ကြိုက်သေးသည်။

သို့သော်လွတ်လပ်ပေါ့ပါးသည့်ခံစားချက်မှာ ကြာကြာမခံလိုက်ချေ။ အဘယ့်ကြောင့်ဆိုသော် သူမမှားယွင်းစွာခံစားလိုက်ရသည့်ပျော်ရွှင်မှုမှာ သူမအနောက်မှလာသည့်အသံတစ်ခုကြောင့် ချေမွခံလိုက်ရသည်။

" တကယ်လို့ ကျွန်တော်က ခင်ဗျားကိုကာကွယ်နိုင်ပြီး အခြေတကျဖြစ်ဖို့ကူညီပေးနိုင်တယ်ဆိုရင်ရော? "

ယဲ့ယွီမှာ ထိုနားလေးတင် တောင့်ခဲကာ ထိန့်လန့်သွားပြီး သူမမျက်နှာပေါ်ကအပြုံးမှာလည်း တောင့်တောင့်ကြီးဖြစ်သွားသည်။

သူမနောက်ရှိလူငယ်လေးမှာ ကြည်လင်ပြတ်သားသောအသံရှိ၏။ သို့သော် မရေရာမသေချာသည့် ခံစားချက်များရောနှောပါဝင်နေသောကြောင့် အသံမှာအနည်းငယ်ခပ်အက်အက်ဖြစ်နေသည်။ သို့သော် ယခုအချိန်တွင် ယဲ့ယွီမှာ ထိုအသံကို လေးစားအားကျနေဖို့စိတ်မပါချေ။ ဤနေရာတွင် သူမနှင့် ' ပြားငါးရာတန် ´ မှ လွဲ၍မည်သူမှမရှိကြောင်း သူမကောင်းစွာသိသည်။

I'm Not Your Female Lead ! ( MM Translation) Dove le storie prendono vita. Scoprilo ora