
777 99 1
                                    

[Unicode]

Chapter 37 : ကိုယ်ပိုင်အခြွေအရံ

သူတို့နောက်တွင် စစ်သားများလိုက်ပါလာနေသည်ကို ထည့်စဉ်းစားပြီးနောက် ယဲ့ယွီ နှင့် ရွမ်ယီ တို့ဟာ လက်ရှိရောက်နေသည့်နေရာတွင် အကြာကြီးမနေရဲချေ။ သူတို့နှင့်မလှမ်းမကမ်းမှာရှိနေသည့် မကောင်းဆိုးဝါးမြို့တော်ကိုသာ ဆက်၍ဦးတည်လိုက်ကြသည်။

သူတို့နှစ်ယောက် မြို့အနီးအနားကိုရောက်ခါနီးမှာ ရွမ်ယီဟာ မြို့နှင့်ခပ်လှမ်းလှမ်း မသိမသာကောင်းစွာဖုံးကွယ်ထားသည့် အရိပ်ကျနေသည့်နေရာသို့ ယဲ့ယွီကိုဆွဲခေါ်သွားပြီး မြို့ထဲသို့ဝင်လိုက်ထွက်လိုက်သွားလာနေသည့်လူများကို စူးရှစွာစိုက်ကြည့်နေ၏။

ယဲ့ယွီဟာ ထိုလူငယ်လေးပြုလုပ်နေသည်များကိုကြည့်ပြီး မျက်မှောင်တစ်ချက်ကြုတ်သွားကာ သူ့ကိုမေးမြန်းလိုက်သည်။ " ယဲ့အိမ်တော်က လူတွေ မကောင်းဆိုးဝါးမြို့ထဲမှာလည်းရှိတာဘဲလား? "

" .... "

ရွမ်ယီဟာ ခဏခန့်စူးစမ်းလိုက်ပြီးနောက် ဘေးလှည့်ကာရှင်းပြလိုက်သည်။ " ကျွန်တော်လည်းမသေချာဘူး၊ ဒါပေမဲ့ မသင်္ကာစရာကောင်းတဲ့ သန္ဓေသားလောင်းအဆင့်ကျင့်ကြံသူသုံးယောက်တော့ရှိတယ်။ "

" ဘယ်သုံးယောက်လဲ? " ယဲ့ယွီ မေးလိုက်သည်။

ရွမ်ယီဟာ ချက်ချင်းဘဲသူ့လက်ကိုဝေ့ယမ်းလိုက်ရာ လေမြှားအသွင်သုံးခုပေါ်ထွက်လာပြီး ထိုလူသုံးယောက်ရှိရာအရပ်ကို ညွှန်ပြနေသည်။

သူဟာ ထိုလူသုံးယောက်ထက် ကျင့်ကြံအဆင့်ပိုမိုမြင့်မားတာကြောင့် တစ်ခုခုက သူ့ကိုသတိထားမိသွားမည်ကို စိတ်ပူစရာမရှိချေ။

ထိုလူသုံးယောက်ကို ယဲ့ယွီ မြင်သွားပြီးနောက် သူမမျက်လုံးတို့ကိုမှေးကျဉ်းလိုက်ပြီး ရယ်မောကာပြောလိုက်သည်။

" သန္ဓေသားလောင်းအဆင့်ကျင့်ကြံသူတွေက နလပိန်းတုံးတွေတော့မဟုတ်ဘူး။ နေ့ခင်းကြောင်တောင်ကြီးမှာတောင် မြို့ဝင်ပေါက်မှာစောင့်နေတယ်ဆိုကတည်းက သူတို့တစ်ယောက်ယောက်ကို ပြစ်မှတ်ထားနေမှန်း သေချာတယ်။ "

I'm Not Your Female Lead ! ( MM Translation) Where stories live. Discover now