
1.4K 199 17
                                    

[Unicode]

Chapter 21 : ကာကွယ်ပေးခြင်း ( ၁ )

Ye Yu ၏စကားများကြောင့် စံအိမ်တစ်ခုလုံး ရှော့ရသွား၏။

၎င်းတို့၏ တွေဝေမှိန်းမောမှုမှရုန်းထွက်လာပြီးနောက် Ye Yu ရှေ့ရှိမိန်းကလေးအား မတိုင်ပင်ထားဘဲ အတူတူကြည့့်လာကြသည်။

သူတို့ဟာ မိန်းမပျိုလေး၏ အမူအရာပြောင်းလဲသွားသည်ကို စောင့့်ကြည့်နေကြကာ သူမသည်ကား Ye Yu ခန့်မှန်းနိုင်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ပုံပင်....

သို့သော်လည်း Ye Yu သည်ကား ဤသို့သောအခြေအနေမျိုးများနှင့် နှောကျေနေပြီဖြစ်သည်။ များမကြာမီမှာဘဲ မိန်းမပျိုလေးမှာ သူမ၏စိတ်ခံစားချက်များအား တည်ငြိမ်အောင်ထိန်းငြိပြီးနောက် ရုတ်တရက်ဘဲ Ye Yu ရှေ့ရှိစားပွဲခုံပေါ်သို့ အလယ်အလတ် ဝိညာဉ်ကျောက်တုံးအား တင်လိုက်သည်။

မိန်းမပျိုလေး ဝိညာဉ်ကျောက်တုံးအားဆောင့်ချလိုက်သောအားကြောင့် မာကျောသောစားပွဲခုံ၏ အခေါင်းပေါက်ဖြစ်သွားသည့် အက်ကွဲသံကို သူတို့ကြားလိုက်ရ၏။

" ရှူး ___ " ဤမြင်ကွင်း၏ မျက်မြင်သက်သေများဖြစ်ကြသော မရေအတွက်နိုင်သောလူများမှာ လေအေးများရှူရှိုက်မိကြ၏။

ထို့နောက်မှာတော့ လက်ဖက်ရည်စံအိမ်ထဲတွင် တီးတိုးသံများ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။

" ဒီမိန်းကလေးက ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးရှိသေးတာကို ကျင့့်ကြံသူဖြစ်နေပြီလားဟ?! "

" ဟုတ်သား.... သူမရဲ့အပြုအမူတွေကိုလည်းကြည့်အုံး.... ချမ်းသာကြွယ်ဝတဲ့မိသားစုက ဆင်းသက်လာမှန်းသိသာတယ်ဟ။ တကယ်လို့ သူမက သာမန်ပါရမီဘဲရှိရင်တောင်မှ ချမ်းသာကြွယ်ဝတဲ့မိသားစုဝင်တွေရရှိတဲ့ များပြားလှတဲ့အရင်းမြစ်တွေနဲ့တင် အဆင့်မြင့်အဆင့်ကို ရောက်နေလောက်ပြီ။ "

" အိုး... မကောင်းတော့ဘူး! ငါထင်တာ ဒီတစ်ကြိမ်တော့ ဆရာကြီး Ye က အပြစ်မလုပ်သင့်တဲ့ လူတစ်ယောက်ကို ရန်စလိုက်မိပြီနေမှာ! "

" မင်းဘယ်လောက်တောင် အမြင်ကျဉ်းလိုက်လဲ ကြည့်စမ်း... ' ကြီးမြတ်သော ဆရာကြီ Ye ' က လူတွေရဲ့ ကံကြမ္မာကိုတောင် ပြောနိုင်တာ... ဆိုတော့ သူမကရော ရိုးရှင်းတဲ့လူတစ်ယောက်ဖြစ်ပမလားဟ! "

I'm Not Your Female Lead ! ( MM Translation) Where stories live. Discover now