ကံတရားက မျက်နှာသာပေးလို့

409 24 0
                                    

            နောက်တစ်နေ့မနက် ခါတိုင်းလိုပြေးပြီး ပြန်လာတော့ သူမက အိမ်နေရင်းဝတ်စုံနဲ့ပဲ laptopသုံးနေတယ်။ မနက်ခင်း ဖြေတော့နေသေးတဲ့နေရောင်ခြည်လေးတွေက စံအိမ်က လိုက်ကာ ရွှေအိုရောင်ကြီးကို ကျော်ဖြတ်ပြီး သူမပေါ်ကို ကျရောက်နေတယ်။ နက်မှောင်တဲ့ ဆံနွယ်လေးတွေက ခါးပေါ်ကိုဖြန့်ကျက်နေတယ်။ဒီမြင်ကွင်းက သိပ်ကိုလှပပြီး အမောပြေစေတဲ့ရှုခင်းလေးပါပဲ။

"ချင်းရန် ပြန်လာပြီလား ချွေးတွေတော်တော်ထွက်နေတာပဲ "

"ဟုတ်တယ် ကျဲကျဲ အလုပ်မသွားဘူးလား"

"ဒီက ရုံးပိတ်ရက်လေ ညကျမှပဲ "

            မေဗီက အသီးအရွက်သုပ်နဲ့ သစ်သီးတချို့ နွားနို့ခွက်တွေနဲ့ သူမနားမှာ ထိုင်လိုက်တယ်။

"ယွဲ့ယွဲ့ ဒီနေ့ ငါ dietလုပ်မှာ မနေ့ညနေက ညစာစားပြီး ဝတ်ကြည့်တော့ နည်းနည်းကျပ်သလိုဖစ်နေတာနဲ့ဒီညလှချငိရက်တော​့ အသီးအရွက်စားမှဖစ်မယ် နင်ရော"

"ငါကတော​့ အတော်ပါပဲ"

"ယွဲ့ယွဲ့ နင်အဲ့အကျီဝတ်ရင် ရင်ခံကိုနည်းနည်းထူထူလေးဝတ်ရမယ်ထင်တယ် ငါ့အထင်နည်းနည်းပြားနေလားလို့"

"နင်စိတ်ထင်လို့ပါ မဟုတ်ပါဘူး "

'ဒီအမတွေ ငါတစ်ယောက်လုံးရှိနေတာတောင် ဘာတွေပြောနေကြ တာလဲ ရေချိုးဖို့သွားတော့မယ်'

နေ့လည်လောက်ထိ နှစ်ယောက်က တပူးပူးနဲ့ စကားပြောနေတယ်။ သူကတော့  TVနဲ့ဂိမ်းဆော့နေတယ်။

သူတို့ရဲ့အားလပ်ရက် နေ့တစ်ပိုင်းကတော့ အဲ့လိုကုန်ဆုံးသွားပါတယ်။

ညနေ၃နာရီလောက်ကတည်းက Royalမှာ ladyနှစိယောက်က မျက်နှာပေါင်းတင် ဆံပင်ပုံသွင်းလုပ်ကြတယ်။ အစကတော့ တစ်ယောက်တည်း ပျင်းနေပေမဲ့ ရှဟိုင်ရင် ရောက်လာတော့ အဖော်ရသွားတာပေါ့။

       သူတို့အကုန်ပြင်ဆင်ပြီးတော့ ပွဲတန်းသွားရတယ်။သူက ကျန်းသခင်လေးအဖြစ် နေလာတာအနည်းငယ်ကြာပြီဆိုပေမဲ့ ကမ္ဘာအနှံ့ နိုင်ငံအနှံ့က ကျော်ကြားအောင်မြင်နေတဲ့သူတွေကြားမှာ ပထမဆုံးကျန်းမျိုးရိုးအဖြစ် မျက်နှာပြရမှာ နည်းနည်းတော့ရှက်မိတယ်။

The Beginning Of Love❤(own creation)Where stories live. Discover now