မိန်းကလေးဆိုလို့ သူမတစ်ယောက်တည်း

551 28 2
                                    

          သူမက လူကြီးတစ်ချို့နဲ့ မိတ်ဆက်ပေးတယ်။ လုပ်ငန်းရှင်အများစုက ေယာကျ်ားတွေပဲလေ။ ​အကုန်လုံးက သူ့အတွက် အကြံညဏ်တွေပေးကြတယ်။ ပြီးတော့ ဘာတွေဝါသနာ ပါလဲ ၊ စိတ်ဝင်စားလဲပေါ့။ ဒီတိုင်းပဲ အလိုက်သင့်ဖြေပေးလိုက်ပါတယ်။

          Partyဆိုတော့ အုပ်စုဖွဲ့ ရှမ်ပိန်ခွက်လေးတွေလက်က ကိုင် အဲ့လိုမျိုးလူတွေ အယောက်၂၀ေလာက်နဲ့စကားဖောင်ဖွဲ့ပြောပြီးသည့်အခါတွင်တော့ သူမက 'ရပြီ ချငိးရန်' လို့ပြောတော့ ပျော်သွားတာပဲ။ သူမကလည်း တကယ့်billionerကြီးတွေနဲ့ နိုင်ငံကြီးတွေရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ် တွေနဲ့ပဲမိတ်ဆက်ပေးခဲ့တာပါ။
ကျန်တဲ့သူတွေနဲ့က နောက်မှ အလုပ်လုပ်မှ ဖြေးဖြေးချငိးသိသွားလည်းရတယ်တဲ့။

           သူ့အလုပ်ပြီးသွားပြီ ဆိုတော့ ဆွေ့ကျိုးတို့စုနေတဲ့ဝိုင်းကိုပဲသွားလိုက်တော့တယ်။ သူမက ဒီနေ့ရဲ့အစားအသောက်ပိုင်းက လူတွေကို ညွှန်ကြားထားသောကြောင့် အသက်မပြည့်သေးတဲ့သူတို့တွေကတော့ alcohol မှလွဲ၍ ဖျော်ရည်ပဲ သောက်ရပါတယ်။

"ချင်းရန် ယွဲ့ယွဲ့ရော "

"ဟိုဘက်ထောင့်က ဝိုင်းမှာ"

"thanks ပြန်ရင် ငါ့ကို ခေါ်ဖို​့ နှစ်ယောက်သားမေ့နေမယ်နော်"

"အင်း"

ဝမ်ဆွေ့- ဝါး အဲ့အမက မိုက်လိုက်တာ လုံးဝကို ငါ့typeပဲ မင်းနဲ့ဘယ်လိုသိ

"ငါ့အမရဲ့ ညီအစ်မလိုနေကြတဲ့ သူငယ်ချငိး"

"aww"

နီရှန်း - ဘေးက ဝိုင်းက ကောင်မလေးတွေငါတို့ကို ရှိုးနေတယ် လုံးဝ ဒိတ်ဒိတ်ကြဲဆယ်လီတွေ မျိုးရိုးမြင့်တွေကြီးပဲ မိုက်တယ် မင်းနဲ့ငါ သွားချိတ်ပြီး ဝိုင်းပူးလိုက်ကြမလား

ဝမ်ဆွေ့ - 👍

ဆွေ့ကျိုး - ငါတော့မလိုက်တော့ဘူး ဒီည အိန္ဒြေရရနေရမယ်ကွ ငါ့မာမီရော ဒယ်ဒီကော ရှိတယ်

ဝမ်ဆွေ့- ငါလည်း နှစ်ယောက်လုံး တက်တယ်ဒါပေမဲ့အိမ်ပိုင်တယ်လေ🤣

            ခုချိန်မှာ သူများတွေလို မိန်းကလေးတွေကိုလည်း အာရုံထဲမရောက်တဲ့ ချငိးရန် ကြည့်နေတဲ့နေရာကတော့ သူမရှိတဲ့နေရာပါပဲ။ ခုနကပြောသလိုပဲ ယောကျာ်းလေးတွေအများစုကပဲ စီးပွားရေးကိုအောင်မြင်နေကြတယ်လေ။ ခုလည်း သူတို့နဲ့ပဲ နေပြီးစကားတွေပြောနေရတယ်မဟုတ်ဘူးလား။

The Beginning Of Love❤(own creation)Where stories live. Discover now