အကြည့်စုံနေကြတာ

582 34 0
                                    

            မေဗီက ကလေးငယ်လေးတွေကို ပုံပြင်ဖတ်ပြတော့ သူကတော့ ၁၀နှစ် ၁၁နှစ်အရွယ်လေးတွေနဲ့ကစားကွင်းမှာ ဘောလုံးတူတူကန်ပြီး ဆော့ရတာ တော်တော်ပျော်ဖို့ကောင်းတယ်။ သူမက အချိုရည်တွေနဲ့ရေခဲတွေကို ရေခဲဘူးကြီးကြီးထဲထည့်ပြီး သူတို့ဆော့နေတဲ့နားမှာ ထိုင်ကာ ကြည့်နေတာ။မြို့စွန်က ဂေဟာဆိုတော့ အပင်တွေနဲ့ နေရိပ်ကာ အေးချမ်းနေတယ်။

           "ချင်းရန် ခဏနားကြပါအုန်း"
    သူလည်း ကလေးတွေနဲ့သူမထိုင်နေတဲ့ဖျာနားကို အပြေးသွားပြီး လုထိုင်ရတာပေါ့။
    "ခဏနားပြီးမှ အချိုရည်သောက်ရမှာနော်"

    "ဟုတ် မမ"

           ကလေးတွေကို wet tissues နဲ့ချွေးထွက်နေတဲ့မျက်နှာလေးတွေနဲ့ လက်တွေကိုတစ်ယောက်ချင်းသုတ်ပြီးတော့ ကလေးကြီး ချင်းရန်ကလည်း သူ့မျက်နှာကြီးအတင်းထိုးပေးတော့ သူ့ကိုပါသုတ်ပေးလိုက်ရသေးတယ်။ ခုမှ သူ့ကိုသေချာကြည့်မိတာကစ ကြာပြီဆိုတော့ အဲ့တုန်းက အာဟာရသိပ်မရှိတော့ လူကပိန်ပါးနေတယ်။

          ခုတော့ အရင်ကထက် ပြည့်ဖြိုးလာပြီး အများကြီးပိုကြည့်ကောင်းလာတာပဲ။မျက်ခုံးက နက်မှောင်ပြီးဖြောင့်စင်းနေသလို မျက်တောင်တွေကလည်းရှည်ကာ ကော့နေသည်။ ပါးလွှာတဲ့နှုတ်ခမ်းသားတွေနဲ့ Vပံုစံမေးရိုးကလည်း ဆွဲဆောင်မှုရှိနေတယ်။ ငါ့မောင်က ငါ့လိုပဲချောတာပဲ။😌

          သူက ရုတ်တရက်ကြီး မျက်လုံးဖွင့်လိုက်တော့ ဖြူစင်တဲ့ကလေးတစ်ယောက်ရဲ့အကြည့်လိုပဲ သူမကိုကြည့်နေတော့ ဒီကလေးကိုကြည့်ပြီး သူမ မပြုံးပဲမနေနိုင်ဘူး။
     "ကျဲကျဲက ပြုံးလိုကိရင် ဖုံးကွယ်နေတဲ့ပါးချိုင့်လေးတွေကပေါ်လာပြီး မျက်ဝန်းတွေက လခြမ်းလေးကိုကွေးသွားတာ အရမ်းချစိဖို့ကောင်းတာ သိလား"

      "မမ အချိုရည်သောက်လို့ရပြီလား"
ကလေးတစ်ယောက်လာပြောမှပဲ နှစ်ယောက်က နီးကပ်စွာရှိနေပြီး အကြည့်ချငိးစုံတာကို အမြန်ပင်ဖယ်လိုက်တယ်။

"အင်း ကျဲကျဲ တစ်ယောက်တစ်ခွက်ထည့်ပေးမယ်"

ချင်းရန် - ငါလည်းသောက်မှာနော်

The Beginning Of Love❤(own creation)Where stories live. Discover now