ခဏနေတော့ သူတို့နှစ်ယောက်ညစာအတူစားကြသည်။
"ချင်းရန် ကြိုက်တဲ့ဟင်းဂဏန်းမဆလာနဲတို့ဟူးဟင်းချို ကြီးယွဲ့ချက်ထားပေးတာပဲ ""Aww အိမ်ကလူတွေက ကြာတော့ သူတို့သားကိုပဲမျကိနှာလိုက်ကြတာပါလားနော်"
"မဟုတ်ပါဘူး တူတူပဲချစ်တာပါနော်"
ရှဲ့ယွင်အမောတကော ဝင်လာပြီး
"မမလေး ကွန်မန်ဒါ Wကိုရောက်နေပြီ တော်သေးတာပေါ့ သူ့နားရက်နဲ့တိုးတော့ နောက်နှစ်ရက်လောက်ဆိုရင် ဆိုဗေးနီးယားကို စစ်ဆင်ရေးသွားရမှာတဲ့"
"အင်းသိပြီ"
ပါးစပ်သုတ်ကာ သူမ ဧည့်ခန်းကိုသွားတော့သည်။ သူမ ခုနကမှ နှစ်လုပ်လောက်ပဲ စားရသေးတာ နေ့လည်ဆိုလည်း စားချိန်ကမမှန်ဘူး စားတော့လည်းခုလိုပဲ နည်းနည်းပဲစားတာ စားတာနည်းလွန်းတယ်"ရှဲ့ယွင် ဘာစားပြီပြီလဲ လာတစ်ခါတည်းစားသွားလိုက်လေ "
"ကျေးဇူး ကြီးယွဲ့ ကျွန်တော်ခုထိတောင်ရေမချိုးရသေးဘူး "
"ဟုတ်လား ရော့များများစား"သူလည်း ရှဲ့ယွင်ကို သနားသွားပြီး ဟင်းတေထပ်ပေးလိုက်သည်။ ရှဲ့ယွင်တောင် ဒီလောက်အလုပ်ရှုပ်နေရင် သူမဆိုဘယ်လောက်တောင် စိတ်ရှုပ်စရာတေများနေလိမ့်မလဲ။
"ဒါနဲ့ ရှဲ့ယွင် ကျဲကျဲက စစ်တပ်ဘက်ကလူနဲ့ ဘာကိစ္စရှိလို့လဲ""တချို့လျှို့ဝှက်စာတေကို အထူးတပ်ဖွဲ့ဝင်တေဆို ရင်းနှီးပြီး သိတာတေများတယ်လေ အဲ့တာကြောင့် ကွန်မန်ဒါကိုခေါ်ရတာပေါ့"
"နောက်ထပ်သိချင်တဲ့မေးခွန်းက မမလေးကသူ့နဲ့ဘယ်လိုသိတာလဲ ဆိုတာမလား။ အဲ့တာက ကျန်းသခင်ကြီး က အဖြစ်အပျက်ဆိုးတေကျော်လွန်ပြီးနောက်မှာ မမလေးက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် သူ့ရဲ့အသိ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို အကူအညီတောင်းပြီး မမလေးကို စစ်တပ်ထဲထည့်လိုက်တာ။ နောက်တော့မမလေးက ထူးချွန်ကာ ဆုတံဆိပ်တေအများကြီးရတော့ မိန်းကလေး အထူးတပ်ဖွဲ့ ဝင် အဖြစ်တာဝန်ထမ်းဆောင်ရင် 'W' နဲ့သိတာပဲ"
"မမလေးက အသက်အငယ်ဆုံး အထူးချွန်ဆုံးစံချိန်ချိုးထားတာနော်"
YOU ARE READING
The Beginning Of Love❤(own creation)
Romanceသူမအသက်၂၀ နှစ်တွင်မွေးစားခဲ့သော သူ့မ၏ချစိရပါသောမောင်လေးသည် နိုင်ငံခြားမှ ကျောင်းပီး၍ ပြန်လာလေသည်။ထိုအခါသူ့မောင်လေးမှ သူ့၏အလုပ်တာဝန်ပေးပါဆိုသောကြောင့် ကျန်းကုမ္ပဏီ၏ ဒါရိုက်တာရာထူးကိုပေးလိုက်လေသည်။လုပ်ငန်းခွင်ဝင်ပီးနှစိနှစိကြာသောအခါ တစ်ခုသောညစာစားပွဲ...