"နောက်ပိုင်းဟာတွေက မော့စ်ကုဒ်နဲ့ရေးထားတာတွေ အဲ့တာကတော့ ချင်းယွဲ့ရေ နင့်တာဝန်ပဲ"
"Ok"
သူ အခေါက်ပေါင်းများစွာ ဖတ်ပြီးသော်လည်း ထူးခြားချကိမတွေ့သောကြောင့် အပြငိခဏထွက်လာလိုက်သည်။ အချိန်ကလည်း ၁၀ နာရီ တောင်ကျော်နေပြီ။
"Aww သခင်လေး ကြီးယွဲ့ခုမှ နွားနို့လာပို့မလို့ လုပိနေတာ ပြီးသွားပြီလား""ကျဲကျဲတို့က ဆက်လုပ်နေကြတုန်းပဲ "
စိတ်ပြေလက်ပျောက် လမ်းလျှောက်ပြီးတော့ ကြီးယွဲ့ နဲ့အတူ စာဖတ်ခန်းထဲပြန်လာလိုက်သည်။"ကျဲကျဲ နွားနို့သောက်လိုက်ပါအုန်း ေနွးတုန်းလေး"
သူမကိုယ်တိုင်ဆိုရင် တော်တော်နှင့်သောက်မည်မဟုတ်၍ သူကိုယိတိုင် တိူက်လိုက်သည်။
"အရမ်းပူလား ""အနေတော်ပဲ ချင်းရန်ပင်ပန်းနေပြီလား ပင်ပန်းရင်နားတော့လေ "
"အာ ရပါတယ် ကျဲကျဲ နဲ့ အိပ်မှ အိပ်မှာ "
"ဟုတ်ပါပြီကွယ်"
"ချင်းယွဲ့လာကြည့်အုန်း ဒီမှာ ဂျူးစ်ဗန်းလို့တော့ ပေါ်လာပြီ သူ့ရဲ့အဆက် မော့စ် ကုဒ်ကိုတော့ နင်ဖြည်တော့ ခဏလောက်နားမှပဲ"
Wက သူမကိုတာဝန်လွှဲ ပြီး ဆိုဖာကြီးပေါ် က ကြီးယွဲ့လာချပေးသွားတဲ့ ဖျော်ရည်လေးသောက်နေလေတယ်။ခဏကြာတော့သူမမော့စ်ကုဒ်ကိုဖြည်နိုင်သွားသည်။
သူတို့အကုန်လုံးလည်း စာရွက်မှ အဖြေကုန်သိရပြီဆိုတော့ စုဝိုင်းလိုက်ကြသည်။
"ဂျူးစ်ဗန်းဆိုတာက ရောဘတ်ဝစ်ဒ်ဆင် ရဲ့ ကလောင်နာမည်ခွဲပဲ ဒီကလောင်ခွဲနာမည်ကိုတော့ ကုဒ်မှာရေးထားတာက ဂျူးစ်ဗန်းရဲ့ကျွန်းတွေ လို့ပဲရေးထားတာ"
"ရှဲ့ယွင် စာအုပ်ကြီးနှစ်အုပ်က ရေးသူတွေရယ် ကျေးဇူးတင်ထားတဲ့ လူတွေနာမည်တွေပါ ချရေးပြီး ယူလာခဲ့ပေးပါအုန်း"
အားလုံးပဲ ဒီမှာကြည့်လိုက်
"ပထမတစ်အုပိက ေရာဘတ်ဝစ်ဒ်ဆင်က ၁၈၈၃မှာ သူရှာဖွေတွေ့ရှိခဲ့တဲ့ ရိုးရာအမွေအနှစ်ကျွန်းတစ်ခုအကြောင်းကိုရေးထားတာ special thanksကတော့ ကျန်းမျိုးနွယ်"
YOU ARE READING
The Beginning Of Love❤(own creation)
Romanceသူမအသက်၂၀ နှစ်တွင်မွေးစားခဲ့သော သူ့မ၏ချစိရပါသောမောင်လေးသည် နိုင်ငံခြားမှ ကျောင်းပီး၍ ပြန်လာလေသည်။ထိုအခါသူ့မောင်လေးမှ သူ့၏အလုပ်တာဝန်ပေးပါဆိုသောကြောင့် ကျန်းကုမ္ပဏီ၏ ဒါရိုက်တာရာထူးကိုပေးလိုက်လေသည်။လုပ်ငန်းခွင်ဝင်ပီးနှစိနှစိကြာသောအခါ တစ်ခုသောညစာစားပွဲ...