ချစ်ဖို့ကောင်းလွန်းတယ်

1.1K 48 2
                                    

                 သူမ တစ်ယောက်တည်း အဲ့လိုလေးနေနေတာကို သူဘယ်လိုမှဒီတိုင်းကြည့်မနေနိုင်ဘူး။ အဲ့ကြောင့်သူအရဲစွန့်ပြီး လှမ်းမြင်နေရတဲ့စံအိမ်လေးထဲ  သွားမိသည်။
ကြီးယွဲ့ - သခင်လေးကတော့ ကုသပေးနိုင်တဲ့သူအဖြစ် ဘုရားက စေလွှတ်ပေးလိုက်တဲ့သူ ဖြစ်ပါစေကွယ်။

               သူစံအိမ်လေးထဲရောက်သွားတော့ ပန်းရနံများသင်းလျက် ကောင်းကင်ကြီးအား ရှင်းလင်းမြင်နေရတဲ့ နေရာလေးမှာ သူမလေးက ကိုယ်လေးကျုံကာ ခေါင်းငုံပြီး ထိုင်နေတယိ။ "ကျဲကျဲ့ " ချင်းရန် သူမနာမညိခေါ်ပြီး ပုခုံးလေးကို ကိုင်လိုက်တော့ မော့ကြည့်လာသော သူမ။ ဒါပေမဲ့ မတူညီတော့တာက အေးစက်နေတဲ့နက်မှောင်တဲ့မျက်ဝန်းတေက မျက်ရည်လေးတေဝေ့နေပြီး ဖြူစင်တဲ့မျက်ဝန်းအဖြစ်ပြောင်းလဲနေတယ်။

                "နင်က ဘယ်သူလဲ "
      "ငါလေ ကျန်းချင်းရန်"   
  "ေအာ် မာမီကပြောတယ် ကိုယ့်ထက်ကြီးတဲ့သူတေကို ရိုသေစွာခေါ်ရမယ်တဲ့ အဲ့ဆို ကောကောလို့ခေါ်မယ်နော်"

           သူ့ကို ကောကောတဲ့ ။ "ကောင်းပါပြီ ဒီက ကလေးမလေးကိုရော ကောကောက ဘယ်လိုခေါ်ရမှာလဲ"
         "သူများတေက ယွဲ့ယွဲ့ လို့ခေါ်တယ်ဆိုတော့ ကောကောက ယွဲ့အာ လို့ခေါ်မယ် ok "
         "Ok"
         "ယွဲ့အာက ဒီမှာဘာလုပ်နေတာလဲ " သူမနားသွားထိူင်တော့ သူ့ကိုကြောက်လို့ထင်တယ်။ ကိုယ်လေးကို ဟိုဘက်ပိုတိုးသွားသည်။ "ဝိုး ဒိမှာ ကြယ်လေးတေက ပိုကြည့်လို့လှတာပဲ ယွဲ့အာရော ကြယ်ကြည့်နေတာလား "
         "ယွဲ့ယွဲ့က မာမီခရီးသွားနေလို့ ပုံပြင်ဖတ်ပြမဲ့သူမရှိလို့ အာ့ကြောင့် ဒီတိုင်းလေးပဲထိုင်နေတာ "
        'အော် သူ့မိဘတေခရီးသွားတယိလို့ပဲ ထင်နေတာပါလား '
          "ကောကော ပုံပြင်ဖတ်ပြပေးမယ်လေ "
       "တကယ်လား အဲ့ဆို ရော့ " ပုံပြင်စာအုပ်ပေးလာသောသူမ။အမြဲတည်ငြိမ်နေတဲ့ သူမကို  ဒီလိုပုံနဲ့တွေ့ရတာ တစ်မျိုးခံစားနေရသည်။ ကြီးယွဲ့တို့ပြောသလိုပဲ လုံးဝတခြားတစ်ယောက်လိုပြောင်းလဲသွားသလိုပဲ။
            သူပုံပြင်စာအုပ်ကို ကြည့်လိုက်တော့ Disneyရဲ့နာမည်ကျော် Sleeping beautyတဲ့ ။

The Beginning Of Love❤(own creation)Where stories live. Discover now