ဒီ ဇာတ်လမ်းမှာ ပါဝင်သော အကြောင်းအရာများသည်စိတ်ကူးယဉ် သက်သက် သာဖြစ်ပါသည်။
......
စည်းကား ကျယ်ဝန်းလှ၍ မိန်းမလှများ နဲ့ ပြည့်နှံ့နေသော ရန်ကုန်မြို့ ။
ဒီမြို့လေးက ကျွန်တော်ရဲ့ မွေးရက်မြေ လေး မို့ ကျွန်တော် သဘောကျမိတယ် ။
အခုတော့ ကျွန်တော်နဲ့ မျိုးရိုး ဂုဏ်ရည်တူသော သူဌေးမင်း များ နဲ့ အတူ ညစာစားပွဲကို ဝင်ရောက်ဆင်နွဲ နေရင်း မိန်းမပျိုလေး နှစ်ယောက် ကျွန်တော့် ဘေးနားကို ပဲ ကပ်နေလေရဲ့ ။
ကျွန်တော် နာမည်ကတော့
" ဗျို့ ဆရာ တေးတဝမ် ရေ မော့ပါအုံး , ဘိလိပ်ရည် စစ်စစ်ပါဗျ "
" ဟုတ် ပါပြီ ဆရာကောင်းရေ , ဒီမှာ တစ်ခွက်ေမာ့လိုက်ပါပြီ ခင်ဗျာ " လို့ ပြောပြီး သည်နှင့် တစ်ပြိုင်နက် ကျွန်တော့် မျက်လုံးတွေက တဖြည်းဖြည်း ဝါးတိုးဝါးတား ရိပ်လေးတွေ သန်းလာပြီး နားထဲ
" နှစ်ကိုယ်ကြင်တဲ့ အစ်ကိုလင်းရဲ့ ပျိုခင်နွဲ့
ကြိုတဲ့လေးနာရီ ထိုးပြီး ထိုးပြီးလာပါတော့ အခါခါမော့ မာလာဖော့
မျော်ပေါ့ လေးနာရီ ထိုးပြီး ထိုးပြီး " ဆိုတဲ့ သီချင်း အသံ နဲ့ အတူ ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့တယ်
.......
ရာစုနှစ် ၃ စု ကို ကျော်လွန်းပြီးသည့်နောက်
" မင်းဆော်ထက် ငါ့ဆော်က ပိုမိုက်တယ် ငါဆော် ပိုမိုက်တယ် ရို့ရို့ "
" ဟဲ့ သားရယ် မနက်စောစောစီးစီး ဆူညံနေတာပဲ "
" အမေရယ် စာကြီး ပဲ လုပ်နေရတာ ကြာတော့လည်း ပျင်းလာပြီ လန်းဆန်းသွားအောင် သီချင်းလေး နဲ့ နည်းနည်း ပါးပါး "
" ဟဲ့ နင်ဘာသာ စာတွေ ဖိလုပ်နေပြီး , သူများ ကြားရင် ငါပဲ အတင်းအကျပ် လုပ်ခိုင်းနေတယ် ထင်အုံးမယ် "
" တော်ပါပြီ အမေရာ သား ကျောင်းသွား တော့မယ်"
" အေးအေး သေချာ ဂရုစိုက်သွားအုံး , Bus ကား မှတ်တိုင် မကျော်စေနဲ့နော် "
YOU ARE READING
၁၉ ရာစု မှ ကျွန်တော် (Completed )
Fanfiction၁၉ ရာစု မှ ကောင်းလေး တစ်ယောက် ၂၁ ရာစု ကို ရောက်ရှိ သွားတဲ့ ဇာတ်လမ်းလေး ပါ 💙