အပိုင်း(၆)

205 23 4
                                    

Tay " မင်းသူဘာကြိုက်လဲဆိုတာ သိလောက်ပါပြီနော် "

Kukkik " ဘာတွေ လဲ ရူးနေတာလား , စိတ်ရှုပ်ဖို့ကောင်းလိုက်တာ , ဒါပေမဲ့ မှတ်ထား ငါက မရရအောင် ယူမှာနော် "

New " မင်းယူချင်တိုင်း ယူလို့ရအောင် ငါက အရင်ကလို မင်းတို့ အိမ်ရဲ့ အသုံးတော်ခံ မဟုတ်တော့ဘူး"

Kukkik " ဘာမှမသိချင်ဘူး ငါနင့်ကို ရအောင်ယူမှာပဲ "

Tay " ဒါဆိုလည်း ငါတို့ နှစ်ယောက်ကို ခွဲဖို့ နည်းလမ်းရှာကြည့်လိုက်လေ "

New " လာပါတော့ ပြန်ကြမယ် "

Tay " ရော့ ပိုက်ဆံ ရေခဲမုန့် သွားဝယ်စားလိုက် " ဆိုပြီး သူမပေါ်ကို တေးက ပိုက်ဆံ‌တစ်သောင်းပစ်ပေးလိုက်တယ်

ဒုက်ခတွေတော့ ရောက်ကုန်တော့မယ်ထင်တယ် ဟူး စိတ်ညစ်လိုက်တာ သူက ဘယ်လောက်ပဲ နှင်ထုတ်ထုတ်မရပါလား

ဒီတစ်ယောက်ကလည်း အဖြေတောင်မပေးရသေးဘူး သူ့ကောင်လေးလို့ကို ပြောနေတော့တာပဲ

ကြားတည်းက ငါရူးချင်တယ် ရူးချင်တယ်

Tay " ဘာတွေ စိတ်ညစ်နေတာလဲ "

New " အခုနပေါ့ ရေခဲမုန့် ကို ဘာလို့ကျွေးတာလဲ "

Tay " အဲ့ဒါဘာလို့လဲဆိုတော့ " လို့ပြောပြီး ကျွန်တော်လက်လေးကို ကိုင်ရင်း သူနားကို ဆွဲဆောင့်လိုက်ပြီး " ကိုယ်မင်းကိုချစ်လို့ " ဆိုပြီး နားနားလေးကို ကပ်ပြောလိုက်တော့တယ်

New pov: ရင်ခုန်လိုက်တာ ဒီလူတော့ ငါ့ကို ရန်ခုန်ပြီး သေအောင်လုပ်နေသလိုပဲ ငါတော့ သူ့အနားမှာ ကြာကြာနေရင် ရူးသေတော့မှာပဲ

Tay pov: ရှက်ပြီး ပြုံးနေတဲ့ အပြုံးလေး‌တွေက အစ ချစ်ဖို့ ကောင်းလိုက်တာ ရှက်သွေးဖြာနေတဲ့ ပါးလေးတွေကို ကျွန်တော်အသည်းယားလာပြီ

Tay " နယူး ကိုယ်မင်းပါးလေးကို ကိုက်ချင်လို့ "

New " ဗျာ "

Tay " ဖြည်းဖြည်းလေးပဲ မနာစေရဘူးလေ နော် "

New " ခင်ဗျားက လည်း ကျွန်တော် နာရင် ငိုမှာနော်"

Tay "ကဲ ကိုယ့်ရဲ့ အနာဂတ် ဇနီးသည်လေး ငိုမယ်ဆို မကိုက်တော့ပါဘူးဗျာ , လာလာ အိမ်လိုက်ပို့ပေးမယ် "

၁၉ ရာစု မှ ကျွန်တော် (Completed )Where stories live. Discover now