အပိုင်း(၂)

258 27 4
                                    

" ဂိတ်ဆုံးပြီ ညီလေး " ဆိုပြီး ကားဆရာ  အသံကြောင့် ကျွန်တော် နိုးလာခဲ့တယ်

ကျွန်တော်က အိပ်ပျော်မှာ  ဆိုးလို့ alarm ပေးထားလဲ  အိပ်ပျော် တာပဲ

တော်သေးတယ် မှတ်တိုင် အဆုံးနဲ့ ကျောင်းဂိတ်နဲ့ တစ်ခုပဲ ခြားလို့

ဒီလိုနဲ့ ကျွန်တော်လမ်းလျှောက်လာခဲ့တယ်
...

လူတစ်ယောက် တိုက်ပုံ အင်ကျီ နဲ့  ပုဆိုးကလည်း တောင်ရှည်ကြီး ဆံပင်ကတော့ ဘိုကေ နဲ့

ကျွန်တော့် စိတ်ထင် ရူးနေတာလား ပေါ့

အနားကပ်ကြည့်တော့ သူ က ရူးနေတာ မဟုတ်ဘူး အတိတ်မေ့နေတာ ထင်တယ်

ပြီးတော့ သူ အောင်မလေး ကျောင်းရဲ့ နာမည်ကြီး rocker အဖွဲ့ နဲ့ ရန်ဖြစ်နေတာဗျ

သူထိုးခံရမှာ ကို မကြည့်ရက်တာ နဲ့

" အကိုတို့ရယ် ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျ " လို့ ပြောပြီ သူလက်ကို ဆွဲပြီး ထွက်ပြေးလာခဲ့တော့တယ်

............

" ဟေ့ကောင်လေး မော လိုက်တာကွာ , ရပ်ရအောင် ခဏလေး နော် "

" အောင်မလေး အခုမှ မောတက်နေတယ် , ဟိုလူတွေ ထိုးရင် ကိုယ် ကြီး ခံရမှာ "

" ငါဘာလုပ်လို့လဲ ကွ "

" ခင်ဗျား ပြသနာ သွားရှာတာ ကျွန်တော် တွေ့သားပဲ"

" ငါမရှာပါဘူးကွာ , သူတို့က ဟားဟား ဆိုတော့ , ငါက ရီရမယ် ထင်လို့ , ရီလိုက်မိတာပါ ကွာ "

" ဒါနဲ့ ခင်ဗျားက ဘယ်မေဂျာကလည်း "

" ငါက ဘိလိပ် က ဘွဲ့ရထားတာကွ , ဒီက ကျောင်းသား မဟုတ်ဘူး"

သူပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် ကြောင်သွားတယ် 

အခုခေတ်မှာ ဘယ်သူမှ နိုင်ငံခြားကို ဘိလိပ်လို့ မသုံးကြတော့ဘူး

သူက ဘိလိပ်တဲ့ အရင်ခေတ်ကို များ စိတ်‌ဆွဲနေတာလား မသိဘူး

..........

" ဟေ့ကောင်လေး ငါ ဗိုက်ဆာလို့ မုန့်ကျွေးပါလား ဟင် "

"  ဟမ် " 

၁၉ ရာစု မှ ကျွန်တော် (Completed )Where stories live. Discover now