New " နယူး ရှင်းပြမယ် Tae , ဟိုလေ ဟို " လို့ ပြောနေတုန်းပဲ ရှိသေး ကျွန်တော့်ကို တင်းကြပ်စွာဖက်ထားတော့တယ်
Tay " ခဏလေး ဘာမှမပြောပဲ ငြိမ် ငြိမ်လေး နေပေးနော် " ဆိုပြီး မျက်ရည်တွေ ကျနေတော့တယ်
New " Tae ဘာလို့ ငိုနေတာလဲ "
Tay " ကိုယ်မင်းခြေထောက် ပြန်မကောင်းနိုင်တော့ဘူးဆိုပြီး ကိုယ်စိတ်မကောင်းဖြစ်နေတာ , ဒီလိုမြင်ရတော့ ကိုယ်ဝမ်းသာတယ် "
New " Tae စိတ်ဆိုး ဘူးလား ကျွန်တော့်ကို "
Tay " ကိုယ်စိတ်ဆိုးချင်တာပေါ့ , မင်းငါ့ကို လိမ်ရလား , ဘာလို့ လိမ်ရတာလဲ လို့ ပြောပြီး အကြီးအကျယ် ရန်ဖြစ်လိုက်ချင်တာ , ဒါပေမဲ့ မင်းကိုချစ်တယ် ဆိုတဲ့ အတွေး တစ်ခုလေးနဲ့တင် ကိုယ့်မှာ အဲ့လို မလုပ်ရက်ဘူး , နယူးရယ် "
New " Tae ရယ် ကျွန်တော်တကယ်တောင်းပန်ပါတယ် နော် , ပြီးတော့ ချစ်တယ် , မငိုနဲ့ တော့နော် " လို့ ပြောပြီး Tae ရဲ့ ပါးလေးကို ညင်သာစွာ နမ်းလိုက်တော့ သည်
Off " အကို ကျွန်တော်တို့ တောင်းပန်ပါတယ်နော် , အကိုခံစားတာသိတာနဲ့ ကို ဘယ်လို မှ မပြောနိုင်ခဲ့ဘူး "
Gun " ဟုတ်ပါတယ် အကိုရယ် Gun လည်း တောင်းပန်ပါတယ် "
Tay " ရပါတယ် အကိုအတွက်တော့ နယူးလေး နေကောင်းတယ် ဆိုတဲ့ အတွေး လေး နဲ့တင်ပျော်နေပါပြီ , နယူးနောက်ခါ အဲ့လို လိမ်မှာလား ပြော "
New " မလိမ်တော့ဘူးနော် "
Tay " သေချာလား "
New " သေချာတယ် "
Tay " ထမင်းစားနော် ပြီးရင် ခဏ လမ်းလျှောက်ပြီး အိပ်တော့နော် "
New " ဟုတ် , ဒါနဲ့ မေမေ တစ်ယောက်တည်း အိမ်မှာ "
Tay " ဟုတ်သားပဲ , အန်တီ အဆင်မှ ပြေရဲ့လား မသိဘူး "
Off " အဆင်ပြေမှာပါ "
Tay " ကလေး စိတ်ပူနေရင် မနက်ကျ အိမ်ပြန်ပို့ပေးမယ်နော် အခုတော့ အစားစား လိုက် အုံး "
New " ဟုတ် " လို့ ပြောပြီး ကျွန်တော် အစားစားခဲ့တော့တယ်
အချိန်ခဏ အကြာ ပင်ပန်းစွာနဲ့ ပဲ အိပ်ပျော်သွားတော့တယ်
YOU ARE READING
၁၉ ရာစု မှ ကျွန်တော် (Completed )
Fanfiction၁၉ ရာစု မှ ကောင်းလေး တစ်ယောက် ၂၁ ရာစု ကို ရောက်ရှိ သွားတဲ့ ဇာတ်လမ်းလေး ပါ 💙