အပိုင်း(၅)

231 23 0
                                    

New " လွှတ်အုံး သူများတွေ ရှိတယ် "

Tay " ဆောတီး ကိုယ်စိတ်လောသွားလို့ "

New " အဖြေတောင်မပေးရသေးဘူး ပိုင်ဆိုးပိုင်နက်နဲ့ "

Tay " အဲ့လို မဟုတ်ပါဘူးကွာ , ကိုယ်မင်းရဲ့ အဖြေကို စောင့်နေမယ်နော် "

New " အင်းပါ , အတန်းနောက်ကျ တော့မယ် " လို့ ပြောပြီး သူပြေးသွားတော့တယ်

တကယ်ဗျာ  ဖြူဖွေးပြီး ချစ်ဖို့ကောင်းနေလိုက်တာ
ကြောက်ပေါက်လေး ကျနေရော

" 🎶...🎶 " ဖုန်းသံမြည်လာတော့တယ်

Tay " ဟယ်လို "

Arm " မင်း ဘား ဆိုင်ပြင်တာ လာကြည့်အုံးလေ "

Tay " အော် အေး ငါမေ့နေ့တာ "

Arm " မြန်မြန်လာ ငါအပြင်သွားချင်လို့ "

Tay " ငါ ညနေကျရင် အပြင်သွားအုံးမှာ "

Arm " စကားက တော်တော်များတယ် လာခဲ့ "

Tay " အေးပါ အေးပါ " ကျွန်တော် ပြောပြီး အဲ့ကနေ ထွက်လာခဲ့တော့တယ်

.......

Arm " မောင်မင်းကြီး ရယ် ကြာလိုက်တာ "

Tay " မဟုတ်ဘူးကွ , ငါဒီနေ့ နယူးကို ဖွင့်ပြောလိုက်တယ် "

Arm " ဘယ်လို "

Tay " ဟုတ်တယ် ငါပြောလိုက်တာ "

Arm " ငါဝမ်းသာလိုက်တာ , အခုတော့ မင်း ချစ်ကြောင်း ဝန်ခံနိုင်ခဲ့ပြီပေါ့ "

Tay  "  ဖွင့်ပြောလိုက်တာ ငါပါနော် "

Arm " တော်ပြီ , မင်း ဆိုင် စောင့်လိုက် ငါ အပြင်သွားပြီး ကောင်မလေးတွေ ကြည့်ချင်လို့ "

Tay " မင်းနတ်မဟုတ်ဘူးလား , အဲ့ဒါတွေလုပ်ရင် တန်ခိုးမလျှော့ဘူးလား "

Arm " မလျှော့ပါဘူးကွာ , ငါက ဖွန်ပဲ ကြောင်တာ  ဘာမှမလုပ်ဘူး , ဒါပေမဲ့ ငါတကယ်ချစ်တဲ့ကောင်မလေးကို တွေ့သွားရင် ငါက လူပြန်ဖြစ်သွားမှာကွ "

Tay " ဘယ်လိုကြီးလဲ , ဒါနဲ့ ဘားမှာ လူဆီအောင်ဘယ်လိုလုပ်ရမလဲ "

Arm " ကြေညာရမှာပေါ့ တစ်ခွက်‌‌ေသာက်ရင်တစ်ခွက်လက်ဆောင်ပေါ့ , ပြီးတော့ ကောင်လေးချောချောလေး နှစ်ယောက်က ဆိုင်ထိုင်မှာပေါ့ "

၁၉ ရာစု မှ ကျွန်တော် (Completed )Where stories live. Discover now