" ဗုန်း " ဆိုတဲ့ အသံကြောင့် ကျွန်တော်ရုတ်တရက် လန့်နိုးလာခဲ့တယ်
ညာဘက်ကို ကြည့်လိုက်တော့လည်း ရှုပ်ပွနေတာပဲ
ဘယ်ဘက်ကို ကြည့်တော့မှ အောင်မလေး တုတ်တုတ်တောင် မလှုပ်ဘူး အိပ်နေလိုက်တာ အဲ့လူကြီးက
သူပြောခဲ့တဲ့ စကားကို ကျွန်တော်နားထဲ ရောက်လာတယ်
အသက်က ၁၂၁ နှစ်ရှိပြီဆိုတာ ဘယ်လိုမှ မယုံနိုင်ဘူး
ကျွန်တော်မယုံနိုင်တာကလည်း သူက ခါးကုန်းကုန်း အိုစနာကျနေတဲ့ အဘိုးကြီး ရုပ်မှ မဟုတ်တာ
နုပျို သွက်လက်ပြီး ယောကျာ်းပီသပြီး ကြည့်ကောင်းထဲပါတာလေ
ဒါမှမဟုတ် သရဲ က လူယောင်ဖန်းဆင်းထားတာလား
ဒါကမဖြစ်နိုင်သေးပါဘူး ဒါမှမဟုတ် သွေးစုပ်ဖုတ်ကောင်လား ဒါမှမဟုတ်ဘီလူးများလားNew " ဟူးး စိတ်ရှုပ်လိုက်တာ "
Tay " ဘာတွေ စိတ်ရှုပ်နေတာတုန်းကွ
New " အောင်မလေး သရဲ သရဲ "
Tay " ငါပါ ဟ ငါပါ သရဲ မဟုတ်ပါဘူး "
New " ခင်ဗျားကိုယ်တိုင်က သရဲပဲလေ "
Tay " မဟုတ်ပါဘူးကွာ "
New " ဒါဆို ခင်ဗျားက ဘာလဲ "
Tay " လူဟ လူ ကိုင်ကြည့်ပါလား "
New " ဘာကိုကိုင်ကြည့်ရမလား "
Tay " အော် ပါးကို ကိုင်ခိုင်းတာပါ , မင်းမကိုင်ရဲရင် ငါမင်းပါကိုင်ပြမယ် " လို့ ပြောပြီး သူရဲ့ ပါးပြင်လေးတွေကို ကျွန်တော်လက်နဲ့ ထိလိုက်မိတယ်
Tay pov : မျက်ဝန်းလေးတွေကလည်း လှပပြီးအသားလေးက စ နူးညံ့နေတာပဲ ဘဝ မှာ ပထမဆုံး ယောကျာ်းလေး တစ်ယောက်ကို ချီးကျူးလိုက်တာပဲ
New pov : ဒီလူကြီးက လူအစစ်ပဲ ဒါပေမဲ့ သူရဲ့ မျက်နှာက တကယ်ကို ကြည့်ကောင်းပြီး ဘာလို့ ယောင်္ကျားပီသနေရတာလဲ ဟူးး စိတ်ရှုပ်လိုက်တာ
New" တော်ပြီဗျာ ကျွန်တော် ပြန်တော့မယ် "
Tay " ဘာလို့ ပြန်မှာလဲ , ညမိုးချုပ်နေပြီ ဒီမှာပဲ အိပ် "
YOU ARE READING
၁၉ ရာစု မှ ကျွန်တော် (Completed )
Fiksi Penggemar၁၉ ရာစု မှ ကောင်းလေး တစ်ယောက် ၂၁ ရာစု ကို ရောက်ရှိ သွားတဲ့ ဇာတ်လမ်းလေး ပါ 💙