အပိုင်း-4🖤

328 37 12
                                        

#Uni

Jhope...နတ်ဆိုးတွေရဲ့အနံ့ကို စူးစူးရှရှရတာ​ကြောင့်..အနံ့ခံရင်း တစ်စတစ်စနီးလာတုန်း လူသံတွေကြားလာရတယ်...အာ..လူသံလို့ပြောမိတာဘဲ အမှန်က သူတို့ကလူမဟုတ်ဘူးရယ်..

"ငါ့ကိုဘဲ ဘာလို့အလွတ်မပေးကြတာလဲ...''

"တိတ်စမ်း...''

ခွပ်းးးး

"ငါကို ဘာလို့အမြဲအနိုင်ကျင့်ချင်နေရတာလဲ..''

"တော်တော်စကားများတဲ့ကောင်...သေအောင်သတ်ကွာ..''

ခွပ်...ခွပ်ခွပ်...

"ငါ အသက်ရှင်နေတာအပြစ်လား...''

ကောင်လေးတစ်ယောက်ကို သုံးယောက်လောက်က ဝိုင်းထိုးနေတာဘဲ..ကောင်လေးက တစ်ချက်ထိုးတိုင်း ပြန်ခံပြောနေတာ..ပါးစပ်ထဲကတောင်သွေးတွေထွက်တဲ့အထိ...

ဟိုသုံးကောင်ကတော့ အနံ့အရနတ်ဆိုးတွေဘဲ..ဆက်ထိုးနေရင် ဟိုကောင်လေးသေတော့မယ်..ဒါကြောင့် မနေနိုင်တော့လဲ ဝင်ကယ်ရတာပေါ့လေ..

"လူတွေရှင်းတဲ့နေရာမှာ လက်စသတ်တော့ နတ်ဆိုးတွေရှိနေသကိုးးး ''

ကောင်လေးကိုထိုးနေရင်းနဲ့ ကိုယ့်ကိုကြည့်လာတဲ့ နတ်ဆိုးသုံးကောင်..အဲ့ထဲက ခေါင်းဆောင်လိုလိုကောင်က

"မင်းက ငါတို့နတ်ဆိုး ဆိုတာသိတယ်လား..''

"ဒါပေါ့...''

"မင်းကြည့်ရတာ..ဘဝင်မြင့်နတ်စုတ်မျိုးနွယ်ကဟာနေမယ်..မင်းဘာသာ ဘဝင်လေဟပ်နေကွာ..ခု မင်းနဲ့မကစားချင်ဘူး..တို့မှာ ပိုပျော်စရာလေးရှိတယ်..''

ကိုယ့်ကိုဂရုမစိုက်သလိုလုပ်ရင်း..ဟိုကောင်လေးကို ပြန်ထိုးမလိုလုပ်တုန်း..

"အစကတော့ ကျောင်းသစ်မှာ အေးအေးဆေးဆေးနေမယ်တွေးနေတာရယ်..ခုတော့ ကျောင်းစတက်တဲ့ရက်မှာ နတ်ဆိုးသတ်ပွဲကျင်းပရတာပေါ့... "

ပြောရင်း ခြေထောက်အောက်က သဲကိုလက်တစ်ဆုပ်စာယူပြီး ခုနက ကောင်လေးကို ထိုးမလိုပြင်နေတဲ့ ခေါင်းဆောင်လိုလို လူမိုက်နတ်ဆိုးကို သဲနဲ့ပက်လိုက်ပြီး

"လောင်မြိုက်စေ...''

ကိုယ့်အသံကြားလို့ လှည့်အကြည့်..ကောင်လေးကိုချုပ်ထားတဲ့ နှစ်ယောက်ကလဲ သဲတွေကိုအကြည့်ရောက်သွားသလို..

EnemyWhere stories live. Discover now