အပိုင်း-2🖤

412 46 2
                                    

#Uni

ကောင်လေးအနောက်မှာ အနက်ရောင်ဝတ်ရုံရှည်ကြီးနဲ့လူနှစ်ယောက်...ခေါင်းဆောင်းကြီးကြောင့် မျက်နှာတွေကိုမမြင်ရ..

"ဟိုကောင်လေး...လာခဲ့....''

ကောင်လေးက ကျောပေးထါးလို့ သူတို့ကိုမမြင်ပေမဲ့...ကိုယ်ကကောင်လေးအနားသွားပြီး ကိုယ့်နောက်ဆွဲသွင်းလိုက်ရင်း..

"ငါ့နောက်မှာနေ...''

အစွမ်းတွေလက်မှာစုလိုက်ရင်း..ထိုနတ်ဆိုးနှစ်ယောက်ရှိရာ လက်ဆန့်လိုက်တော့..ကိုယ့်လက်ထဲကနေ...ရွှေရောင်အစူးချောင်းတွေက အရှိန်ပြင်းစွာ..နတ်ဆိုးနှစ်ယောက်ဆီ ရောက်ခံနီး

အဲ့ထဲက တစ်ယောက်က အေးအေးဆေးဆေးဘဲ ဘေးကတစ်ယောက်ကို ဝတ်ရုံကဆွဲရင်း သူ့ရှေ့ ဒိုင်းလိုကာလိုက်တယ်..အရှေ့တစ်ယောက်ကတော့ ကိုယ့်နတ်အစူးမိုး အစွမ်းဒဏ်ကြောင့် ဝတ်ရုံတောင်လွင့်သွားတယ်..

"မင်းဘယ်လိုလုပ်လိုက်တာလဲ..''

ခံရတဲ့တစ်ယောက်က မြေပြင်ပေါ် ဒူးထောက်ထိုင်ချမိပြီး..တကိုယ်လုံးသွေးတွေက တတောက်တောက်နဲ့ကျနေတယ်...ဒါပေမဲ့ မျက်နှာဖုံးတပ်ထားတာကြောင့် အဲ့နတ်ဆိုးက ဘယ်သူလဲမသိရ..

ဒါတောင် ကိုယ့်နောက်က ကောင်လေးက အရှေ့ကို ပြေးထွက်မလိုလုပ်ရင်း..ဟိုဒဏ်ရာရထားတဲ့နတ်ဆိုးကို သွားကယ်မလိုလုပ်တာကြောင့်

"ကောင်လေး... မသွားနဲ့ သူတို့က မင်းကို ဒုက္ခပေးမှာ...''

"မင်းအပူမပါဘူး...ဖယ်...''

သူ့ကိုကာထားတဲ့ကိုယ့်လက်ကို အတင်းလာဖယ်နေတုန်း..ဟိုဒဏ်ရာရထားတဲ့နတ်ဆိုး အနောက်က နတ်ဆိုးကနေ

"ဟ...ပျော်စရာဘဲ အစွမ်းကတော့ တော်ရုံမဟုတ်ဘူးကို...ဟဟဟားးး''

အသံကြားတာကြောင့် ခုပြောနေတဲ့နတ်ဆိုး ဒေါသထွက်နေတာကို ခံစားမိတယ်..သူတို့ဒေါသထွက်ရင် အသက်တောင်ထိခိုက်လာနိုင်တာကြောင့်...ကောင်လေးလက်ကိုတင်းအောင်ကိုင်ရင်း

"မင်း ငါ့လက်ကိုလွှတ်စမ်း...မင်းဘယ်သူလဲ..''

"တိတ်စမ်းးးး မင်းလုပ်လို့ ငါတို့နှစ်ယောက်လုံးသေတော့မယ်..''

EnemyWhere stories live. Discover now