အပိုင်း-3🖤

354 40 15
                                    

#Uni

"သိပ်ကိုပျော်ရဲ့လား..jin..''

အိမ်မက်ကနေနိုးလာရင်း..ဘေးခုံမှာ jinတို့ကမရှိ ခုနက သူ့အိမ်မက်ထဲတောင်ဝင်လာသေးတာမလား..မျက်နှာ မမြင်တောင် jinအသံကိုမှတ်မိသည်..

အခန်းကထွက်ရင်း လိုက်ရှာတုန်း ယောကျားအိမ်သာမှာ မှန်ကြည့်နေတဲ့ jinနဲ့ အိမ်သာထဲမှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့V

"V...မင်း အဆင်ပြေလား...''

"အို...jkလေးဘဲ စိတ်မပူပါနဲ့ အဲ့သွေးနှောကောင် ကအသက်ပြင်းတယ်..သူ့အမေတောင် သူ့ကိုပစ်ထားခဲ့တာ သေမှမသေဘဲ..''

လက်မောင်းကို ဖွဖွလေးလာပွတ်တဲ့ jinလက်တွေကို မြှောက်ကိုင်လိုက်ရင်း..

"Jin...သူက ငါတို့နဲ့ အမျိုးတော်တယ်...''

ဖြန်းးးး

Jinကိုလှည့်အကြည့် jinက ကိုယ့်ကိုပါးရိုက်လိုက်တာကြောင့် မျက်လုံးတောင်ပြာသွားတယ်..

"ငါလို ဘုရင်ခံတစ်ယောက်ကို အဲ့အမျိုးယုတ်သွေးနှောကောင်နဲ့ အမျိုးတော်တယ်လာမပြောနဲ့..ရွံစရာကောင်းလိုက်တာ..''

"......''

ဟုတ်တယ်..Jinက ဘုရင်လူစီဖာရဲ့ မြေးတော်..သွေးအနီးဆုံးမြေးဖြစ်သလို ငယ်ငယ်ကတည်းက ဘုရင်လူစီဖာနဲ့အနေနီးတာကြောင့် မောက်မာပြီးအထက်စီးဆန်တာကတော့ တပုံစံထဲပင်..

"အို...နာသွားလား jkရယ်...''

ကိုယ့်ကို ကိုင်ထားတဲ့လက်ကိုဖြုတ်ချရင်း ခုနက ရိုက်လိုက်လို့ နီသွားတဲ့ပါးလေးကို ဖွဖွလေးပွတ်လိုက်ရင်း...နူးညံ့တဲ့အသံနဲ့ပြောလာတဲ့jin..ကိုယ်ကတော့ ခေါင်းငုံ့နေရင်း လက်ကိုကျစ်နေအောင်ဆုတ်ထားရင်း အံကြိတ်ထားရတယ်..

Jinက သူ့လက်နုနုလေးနဲ့ မေးစေ့ကနေကိုင်ရင်း ခေါင်းမော့စေပြန်ရော..နောက် မျက်နှာနားကပ်လိုက်ရင်း

"မင်းက သွေးသန့်ဆိုပေမဲ့ တချိန်ကျရင် ငါ့သစ္စာတော်ခံကျွန်ဘဲဖြစ်လာမှာမလား..jk..''

ခုနက နူးညံ့တဲ့အကြည့်နဲ့ကြည့်နေရာကနေ...မျက်လုံးတွေက နီရဲလာရင်း..ခုနကလက်တွေက လည်ပင်းကိုညှစ်လာတယ်..ခုနကနူးညံ့တဲ့ကောင်လေးပုံစံကနေ...ခုတော့ ကြောက်စရာ နတ်ဆိုးသဖွယ်

EnemyWhere stories live. Discover now