#Uni
အဖတော်ဘုရားရဲ့ အစွမ်းကြောင့် အနာတွေကအမြန်ပြန်ကျက်လာလို့ လက်ကဒဏ်ရာကတော့ မရှိတော့..
အင်း...ပြောရရင်..မယ်တော်ဘုရားက နတ်ဆိုးတွေအပေါ်လွှမ်းမိုးမှုရှိတယ်..လူစီဖာကိုဆန့်ကျင်တဲ့နတ်ဆိုးတွေ ကိုယ့်ဘာသာအေးဆေးနေလိုတဲ့နတ်ဆိုးတွေကို စည်းရုံးပြီး..အဖတော်အတွက် လက်အောက်ခံသစ္စာပြုစေတယ်..
သစ္စာတော်ခံမယ်ဆို..ကိုယ့်အရှင်သခင်ဖြစ်မဲ့သူက သူ့ရဲ့သွေးကို ကြည်ကြည်ဖြူဖြူပေးရတယ်..အဖေတော်ဘုရားက သူ့သွေးကိုဖောက်ပြီး သောက်စေတာပေါ့...
နတ်ဆိုးတွေက ထိန်းရခက်သလို မာယာများတယ်..ဒါပေမဲ့ ကိုယ့်သွေးကိုသောက်ပြီးချိန်..ကိုယ့်စကားနားထောင်ရပြန်ရော..သူဘာလုပ်လဲသိရသလို..အဝေးကနေတောင် လှမ်းအမိန့်ပေးနိုင်လောက်အောင် စိတ်ချင်းဆက်သွယ်ပေးတါမျိုး..
Jhopeက သင်ယူဆဲပေမဲ့ အဖတော်နဲ့တူတော့ ခနလေး မြင်ရုံနဲ့တင် တတ်မြောက်လွယ်သည်..အဖတော်ကတိုက်ခိုက်တဲ့နေရာ တွင် နတ်ပြည်နန်းတော်က နတ်ဘုရားများရဲ့ စံပြ နာမည်ကြီးနတ်ဘုရားပင်..
Vဆိုတဲ့ကောင်လေးကိုတော့..အဲ့နေရာမှာထားခဲ့ပြီး ထွက်လာခဲ့တယ်..သူလဲ စိတ်ကို ငြိမ်အောင်လုပ်ရအုံးမယ်မလား..
နတ်ဆိုးက နတ်မျိုးနွယ်ဆီမှာ သစ္စာခံရတာလွယ်တာမဟုတ်...နောက် သူ့လိုသွေးနှောမျိုးက အရမ်းကြောက်တတ်သလို..အစွမ်းတွေသိပ်မသုံးတတ်..
တကယ်လို့သူ့အစွမ်းသာသေချာသုံးတတ်အောင်သင်ပေးလိုက်ရင်..နတ်ဆိုးတွေကိုလွယ်လွယ်နဲ့ သတ်လို့ရပြီရယ်..အဲ့ချိန်ကျအဖတော် ရှေ့ခေါ်ပြပြီး ကိုယ့်အပိုင် ကျွန်လေးကို ထုတ်ကြွားရမယ်..
တချိန် Vက ကိုယ့်ရဲ့ နတ်ဆိုးသတ်လက်နက်အဖြစ် နာမည်ကျော်စေရမယ်..ကိုယ့်ရဲ့ပထမဆုံး အစေခံလေး...V
"မင်း အရမ်းကြာတယ်..jhope...''
"ဟီးးး လေညှင်းခံနေလို့ပါ..ငါပြန်လာတယ်လေ အနည်းဆုံးတော့..''
အခန်းထဲပြန်ဝင်လာပြီး ထိုင်လိုက်တုန်း..jiminက အနားကပ် အနံ့ခံရင်း
YOU ARE READING
Enemy
Fanfictionဟိုးအရင်ကတည်းက ဘုံ၃ ဘုံရှိခဲ့တယ်..လူသားရယ် နတ်မျိုးနွယ်ရယ် နတ်ဆိုးမျိုးနွယ်ဆိုပြီး..နတ်မျိုးတွေ အမျိုးမျိုးရှိသလို နတ်ဆိုးတွေကလဲအမျိုးမျိုးရှိကြတယ်...လူသားတွေသာ..သာမန်အနေနဲ့မွေးဖွားနိုင်ခဲ့တာပါ.. ဒါပေမဲ့ နှစ်တွေကြာတဲ့အထိ နတ်မျိုးနွယ်တွေဟာ..လူသားတွေ...