အပိုင်း-1🖤

590 54 2
                                        

#Uni

"အနွယ်တော် ညီဖွား...ညီဖွားရေ...ညီတော်..ညီတော် jimin...ညီ...''

"ဟာ....ဘယ်သူလဲ...ဆူညံနေတာဘဲ..''

"အဲ...အိပ်နေတာဆိုတော့ နေမကောင်းဘူးထင်ပြီး အကိုတော်က...''

"Jhope...အဲ့လိုမပြောနဲ့ဆို...လူတွေကြားကုန်မယ်..''

အိပ်ချင်မူးတူးကနေ ပါးစပ်ကိုလာပိတ်တဲ့jiminကြောင့်. အတင်း လက်ကိုဖယ်ရင်း

"မကြားပါဘူး..ညီ အဲ...jiminကလဲ...ငါကတိုးတိုးလေးကပ်ပြောတာ..''

"ဟူးးး ဘာလို့ကျောင်းပြောင်းလာတာလဲကွာ..ကိုယ့်ဘာသာအေးဆေးလေး..နေရတာကနေ ခုတော့ အရှုပ်ကောင်ကိုထိန်းနေရပြီ..''

"ဟာ...မင်းကလဲ ခုမှ ကျောင်းစတက်တာ တစ်ရက်ထဲရှိသေး..ငါ ဘာမှတောင်မလုပ်ရသေးဘူးကိုကွာ...''

အစက အမွှေကောင်က တခြားကျောင်းမှာ တက်နေရင်း ဒီနှစ်က အရမ်းဆိုးလို့ဆိုပြီး..အထိန်းအကွပ်ရအောင် ကိုယ်နေတဲ့ကျောင်းပို့လိုက်တဲ့ မေမေရဲ့တူလေး..

အမျိုးသာပြောတယ်..သူကတမျိုး ကိုယ်က တမျိုး...အဖေတွေမှမတူကြတာ..မျိုးရိုးတွေလဲကွဲသွားရော..ကျွန်တော်က အိမ်မက်ပြင်သူမျိုးနွယ်ဖြစ်ပြီး....Jhopeအစွမ်းကတော့ တော်တော်များသား..

နတ်မျိုးနွယ်စစ်စစ်ကပေါက်ဖွားလာသော သွေးသန့်နတ်မျိုးနွယ်ဖြစ်တာကြောင့်..ကိုယ်တွေအစွမ်းက နတ်သွေးနှောတွေထက် ပိုစွမ်းတယ်..

ဒါပေမဲ့ နတ်ဆိုးတွေက အဲ့လိုမဟုတ်..လူသားနဲ့ပေါင်းဖက်လို့ရတဲ့ သွေးနှောက အရမ်းအစွမ်းထက်တယ်..အဲ့သွေးနှောထက်စွမ်းတာဆိုလို့ သူတို့ဘုရင် လူစီဖာနဲ့ သူရဲ့သွေးသားတွေသာ ပိုအစွမ်းထက်ကြတာ...ယေဘုယျအနေနဲ့ပြောရင် အဲ့ဘက်က သွေးနှော အများစုက ပိုစွမ်းကြတယ်ပြောရမယ်..

"ဟာ..ပျင်းလိုက်တာကွာ..jimin ငါအခန်းပြင်ခနထွက်မယ်..''

ထမလိုလုပ်နေတဲ့ Jhopeကို ဘောင်းဘီကနေ ဆွဲထားရတယ်..

"ဘယ်လဲ မရဘူးထိုင်နေ...''

"ဟာ...ခနဘဲသွားမှာကို...''

"မရ ..အားးး ''

ဆွဲထားတဲ့လက်ကို jhopeက သူ့လက်ညိုးလေးနဲ့ဖွဖွထိလိုက်ပေမဲ့ အကိုတော်လဒကောင်က သူ့လက်ညိုးနဲ့တို့တာမဟုတ်...သူ့အစွမ်းတွေနဲ့ လူကို ဓာတ်လိုက်သလို ကျင်သွားအောင် လုပ်လိုက်တာကြောင့်...နာလို့လွှတ်ပေးတုန်း..

EnemyWhere stories live. Discover now