အပိုင်း-6🖤

510 41 10
                                        

#Uni

"တောက်စ်...ငါလိုဘုရင်ခံဖြစ်မဲ့သူရှိပါရက်နဲ့ နတ်ဆိုးတွေအသတ်ခံရသတဲ့လား..ကွာ..''

Jinက ခုနက ကိုယ့်ကိုအနိုင်ကျင့်ခဲ့တဲ့ နတ်ဆိုးသုံးကောင်သေဆုံးသွားတဲ့နေရာမှာ မြေကြီးပေါ် ဒူးတုပ်ထိုင်ရင်း..သဲတချို့ကို ထိတွေ့ရင်း

"သူတို့ကိုသတ်တဲ့သူက သာမန်နတ်မျိုးနွယ်မဟုတ်လောက်ဘူး..''

Jin သူ့အနောက်က ကိုယ်နဲ့jkကိုလှည့်ကြည့်ရင်း အနီရောင်မျက်ဝန်းတွေက jinဘယ်လောက်ဒေါသထွက်နေသလဲကိုဖော်ပြနေတယ်

"ငါ သူ့ကို တွေ့ရင် သတ်ပစ်မှာ..''

တဖြည်းဖြည်း jinကိုယ်ကနေ အနက်ရောင် မြူတွေဟာ ထွက်ပေါ်လာရင်း..အနက်ရောင်တောက်ပြောက်နေတဲ့ အတောင်တစ်စုံက ကျောပြင်ကနေ တဆင့် ထိုးထွက်လာတယ်

Jinဟာ အတောင်ပံတွေကို ဖြန့်လိုက်ရင်း လည်ပင်ကြောတွေထောင်တဲ့အထိ အော်လိုက်တဲ့အခါ jinအတောင်ပံကနေ ဓားလိုချွန်ထက်တဲ့ အမွှေးတောင်တွေကလေထဲဝဲလာပြီး ကိုယ်တွေဆီ ထိုးဖောက်မတက် လွင့်လာချိန်

"ပြာဖြစ်..''

Jkဟာ လက်ကို ရှေ့ဆန့်ပြီး ပြောလိုက်ချိန်မှာဘဲ..ခုနက လေထဲ ဝဲနေတဲ့ ဓားသွားလို အမွှေးလေးတွေဟာ..ပြာမှုန့်လေးလို ပျောက်ကွယ်သွားတယ်..

"ကျေးဇူး jk..''

"ရပါတယ် ငါတို့ကအမျိုးတော်တွေဘဲဟာ..''

လူစီဖာ က နတ်ဆိုးတွေတောင် ခွဲခွဲခြားခြားဆက်ဆံတတ်တာမျိုး..နတ်ဆိုးတွေမှာ နာမည်မရှိကြဘူး..ဒါကြောင့် နတ်မျိုးနွယ်တွေက နတ်ဆိုးတွေဆို သူတို့နဲ့သက်ဆိုင်တဲ့ အမူအကျင့်နဲ့တွဲမှတ်တတ်တယ်...

လူစီဖာနဲ့အမျိုး တော်ပြီး သွေးနီးတာတောင် နာမည်ကို English အက္ခရာလေးတွေအဖြစ်နဲ့သာခေါ်စေတယ်..

ကိုယ်ဆို V တစ်လုံးထဲ ဒါတောင် သွေးအရမ်းနီးလို့ အဲ့နေ့က ဒီတိုင်းပေးခဲ့တာ ပေးတုန်းက လည်ပင်းကို ညှစ်ထားရင်း..Vလို့သာ ပြောပြီး လူကို နံရံဆီပစ်လိုက်ပြီး..ထွက်သွားခဲ့တာ

ဘဝမှာ တစ်ခါသာ မြင်ဖူးတဲ့ လူ..Jkကတော့ (ဂျေကေ) နှစ်လုံးတောင်ပေးထါးလို့ အနာဂတ်မှာ လက်ယာရံ လက်ဝဲရံ လောက် ရာထူးပေးချင်လောက်မှန်းသိသာတယ်..

EnemyWhere stories live. Discover now