Chapter 1 {Prince Hoon 👑}

1K 72 6
                                    

{Unicode}
မနက်ခင်းမိုးမလင်းခင်ကတည်းကပင် ကမ်းမလော့(Camelot) အိမ်တော်တွင်အစေခံများရုတ်ရုတ်သဲသဲနှင့်အလုပ်ရှုပ်နေကြသည်။ ပုံမှန်နေ့များတွင် ကမ်မလော့အိမ်တော်သည်တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ယနေ့တွင်မူ ရုတ်ရုတ်သဲသဲဖြစ်နေကြ​၏။ အကြောင်းမှာ အဗယ်ရ်လွန် (Avalon) ရဲ့ အငယ်ဆုံးမင်းသားလေးဆောင်းဟွန်း အိမ်တော်သို့ညသန်းခေါင်ယံအချိန်ကြီးရောက်လာသောကြောင့်ဖြစ်သည်။ တခြားသောမင်းသားတွေကို အိမ်ရှေ့စံ မင်းသား ၁၊၂ စသည်ဖြင့်ခေါ်စမတ်ပြုကြသော်လည်းအထွေးဆုံးလေးကို မင်းသားလေး ဟုသာအထိန်းတော်တွေနှင့်လက်အောက်ငယ်သားများကခေါ်ဝေါ်လေ့ရှိသည်။ "မနေ့ညကမင်းသားလေးလမ်းတောင်မလျှောက်နိုင်ဘူးပြောတယ်၊ အရက်မူးလာတာလား?၊ နေမကောင်းဘူးထင်တယ်" စသည်ဖြင်တီတိုးပြေားနေကြ​၏။ "ထောက်"ဆိုပြီးတုတ်ကောက်ထောက်သံကြားရသည်နှင် ဟင်းချက်ဆောင်အတွင်း အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်သွား​၏။ "ဘာလို့ဒီလောက်အသံတွေဆူနေရတာလဲ မင်းသားလေး ခရီးပန်းပြီးအိပ်မောကျနေတာနားမလည်ကျဘူးလား နောက်တစ်နာရီလောက်နေရင် စားပွဲဝိုင်းအဆင်သင့်ဖြစ်နေပါစေ ပြီးခိုရီကမင်းသားလေးဆင်းလာတာနဲ့ အစေခံသုံးယောက်လောက်နဲ့အတူ အလယ်ထပ်ကအခန်းတွေအကုန်ရှင်းထားပေးစာကြည့်ခန်းက တံခါးတွေပါဖွင့်ပြီးလေဝင်လေထွက်ကောင်းအောင်လုပ်ခဲ့ကြားလား၊ ဂျော့ချ်ကမင်းသားလေး အနောက်ဘက်တောအုပ်ထဲသွားခဲ့ရင် အဆင်သင့်ဖြစ်အောင် ကိုယ်ရံတော်တွေပါ အဆင်သင့်ပြင်ထား မင်းသားလေးရဲ့မြင်းလေး ပိုနီကိုပါသန့်ရှင်းနေအောင်ပြင်ထားပေး" ဆိုကာဖြေးဖြေးချင်း အိမ်ပေါ်ပြန်တက်သွားလေသည်။ ထို့ကဲ့သို့သောဩဇာညောင်းနေခြင်းမှာ တစ်ခြားသောအကြောင်းကြောင့်မဟုတ်မင်းသားလေ့ကို မွေးဖွာစဉ်ကတည်းက ယနေ့တိုင်အောင်စောင့်ရှောက်နေခဲ့သော့ အထိန်းတော်ကြီးလစ်ဒီယာ(Lydia)ပင်ဖြစ်ပေသည်။ သူသည် မင်းသားလေးကို ငယ်စဉ်ကတည်းကထိန်းလာပြီးဖြောင့်မတ်တည်ကြည်သူအမျိုးသမီးကြီးမို့ ဘုရင်ကြီးကိုယ်တိုင် အလေးပေးဆက်ဆံခြင်းခံရသောသူတဟ်ယောက်လည်းဖြစ်သည်။ "ဟွန်း" ဟုအမြဲတမ်းညင်ညင်သာသာခေါ်တတ်ပြီး ရင်ဝယ်သားသဖွယ်ပြုစုစောင့်ရှောက်တတ်သူလဲဖြစ်ကာ မင်းသားလေးကိုယ်တိုင်ကလဲ လစ်ဒီယာ​၏စကားကိုမလွန်ဆန်ပဲပြုမူနေထိုင်လေ့ရှိသည်။

Lost SoulsWhere stories live. Discover now