Chapter 6 {MIYA: Where I come from?}

233 27 11
                                    

မိုင်ရာသည် သူမ​၏မှော်ပညာကိုအစွမ်းကုန်တတ်မြောက်ရန်Vinefallအဖျားရှိတောအုပ်ငယ်လေးမှထွက်လာခဲ့​၏။
မည်သို့သောပညာအရပ်ရပ်ကို တတ်မြောက်ထားပါစေ နှလုံးသားထဲသို့လိုလိုလားလား စီးဝင်စေခဲ့သော ဟေးရ်မက်​ဆီမှအချစ်​၏အဆိပ်များကို ဖယ်ရှားနိုင်လိမ့်မည်လား။
အချစ်ဆူး စူးလို့ရူးရလောက်စေနိုင်သည်အထိ မိုင်ရာဟာ ရူးမိုက်စွာ ဟေးရ်မတ်နှင့်အတူ Vinefall မှာအခြေချဖို့အထိကြိုးပမ်းခဲ့သေးသည်။
သို့သော်သူမရဲ့မှော်အတတ်ပညာပြီးပြည့်စုံမှသာသူမ​၏ လာရာပကတိကိုရှာနိုင်လိမ့်မည်။ သူမ​၏မျိုးနွယ်ကိုကာကွယ်နိုင်ပေလိမ့်မည်။
"သူလဲသူ့မျိုးနွယ်ကိုပြန်ပြီးကာကွယ်နေလောက်ရောပေါ့"
​မည်သို့ပင်စိတ်ဖြတ်ပြီးလာခဲ့ခဲ့သူ့​၏ အငွေ့အသက်များသည် စိတ်ထဲတွင်မသိမသိရော သိသိသာသာပါ လွှမ်းမိုးလာ​၏။ ငါ့ရဲ့မျှော်လင့်ချက်အတွက်အချိန်တစ်ခုအထိတော့ သည်းခံမှရမယ်ဆိုပြီးသာ အားတင်းပြီးခရီးဆက်ခဲ့ရသည်။
Vinefall သည် ကျေးလက်ဒေသတစ်ခုဆန်ဆန်မြို့တစ်ခုဖြစ်ပြီး အလွန်တာရာအေးချမ်းသောမြို့လို့ပြောကြသော်လည်း မိုင်ရာ့ရဲ့နေရာငယ်လေးလောက်အေးချမ်းခြင်းမရှိပေ။ ဈေးဝယ်သူများဖြင့်ပြည့်နှက်နေတဲ့လမ်းမဘေးရှိလှည်းပေါ်တွင်အိပ်လျှက်နေသောသူအား ဒီလောက်ဆူညံနေတာတောင်သူအိပ်နေနိုင်တုန်း ဟုပင်တွေးနေမိသေးသည်။ လည်ပင်း၌ဆွဲရသည့်အဆင်တန်ဆာတစ်မျိုးကိုရောင်းနေသည် အမျိုးသမီးသည် အသက်အားဖြင့်အနည်းငယ်ရှိနေပြီဖြစ်သော်လည် သူမ​၏အပြင်အဆင်သည်အလွန်တင့်တယ်သည့်အမျိုးသမီးငယ်တစ်ယောက်ကဲ့သိုပင်နုနုရွရွလေးဖြစ်နေ​၏။
ထိုနေရာ​၏ တစ်ဖက်တစ်ချက်တွင် အပေါ်ရုံပဝါစရှည်လေးများ ရောင်းနေသည့် အသက်ကြီးကြီးအမျိုးသမီးမှာမူ လောကဒဏ်ရိုက်ခတ်ခြင်းရဲ့ အခြင်းအရာများအားသူမမျက်နှာတွင်ပေါ်လွင်နေလေ​၏။ ထိုသို့သောအမျိုးသမီးကြီးများအားမြင်ရလျှင် ငါ့အမေဟာထိုကဲ့သို လှလှပပအေးအေးဆေးဆေးရှာဖွေစားသောက်နေတဲ့သူဖြစ်မလား မဟုတ်ရင် ဟိုအမျိုးသမီးကြီးကဲ့သို့သောကတွေတစ်ပွေ့တစ်ပိုက်နဲ့သေနေ့ကိုပင်ပန်းစွာသွားနေလေမလားတွေးရငိးနှင်ပင်စိတ်ပင်ပန်းရ​၏။ ထိုသို့သောစိတ်ညစ်စရာများသည် ကျေးငှက်သာရကာတို့ရဲ့တေးသီသံတို့ဖြင့်လွမ်းမိုးနေသော နေရာလေး ကိုပင်ပြန်လှည့်ချင်စေပြန်သည်။
သို့သော်အနွေးထွေးဆုံးသော ခိုနားရာနေရာငယ်သည် Vinefall တွင်သာရှိနေမည်ဆိုတာမလွဲဧကန်ပေ။

Lost SoulsWhere stories live. Discover now