Chapter 8 (ပြန်လည်တွေ့ဆုံခြင်း)

220 24 5
                                    

ဆရာကြီး​၏ ခွင့်ပြုချက်အရ ဟီဆွန်းသည် မိမိစွမ်းအားကိုကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းရန်သူ့ရဲ့ ခရီးလမ်းကို စတင်ဖို့ဆုံးဖြတ်ခဲ့သည်။
မနက်အာရုံဦးချိန်တွင် အမ်းမရုတ်မြို့ဘက်သို့ဦးတည်ပြီးထွက်ခွာလာခဲ့သည်။

ခရီးလမ်းတစ်လျှောက် စိမ်းလန်းသောသစ်တောကြီးများကို ဖြတ်သန်းလာခဲ့ပြီး တစ်နေ့လည်လောက်အကြာတွင် ရေကြည်ရေသန့်များတစ်သွင်သွင်စီးဆင်းနေသော မြစ်ငယ်ကမ်းနား၌ ခရီးတစ်ထောက်နားကာ မြစ်အစပ်၌ကိုယ်လက်သန့်စင်နေခဲ့သည်။
ထို့အပြင် ဟီးဆွန်းသည် သူ့​၏လျှင်မြန်ဖျတ်လတ်သော လက်များဖြင့်ငါးနှစ်ကောင်အားရေထဲမှအပါခေါ်လာခဲ့နိုင်သေးသည်။ ထို့နောက်အနီးအနားရှိသစ်ကိုင်းသစ်ခြောက်လေးများဖြင့်မီးဖိုငယ်လေးတစ်ခုပြုလုပ်ကာ ငါးတစ်ကောင်အားနွေးရုံတမယ်သာပြုလုပ်ပြီး သံစုံမြည်နေသော ဝမ်းဗိုက်အားပြည့်စေရန် ကင်ကာဖြည့်တင်းနေခဲ့သည်။

အစားအသောက်သည် တစ်နပ်တည်းနှင့်ပြီးသော အလုပ်တစ်ခုမဟုတ်သောကြောင့် ပထမတစ်ကောင်စားနေရင်းနောက်တစ်ကောင်အား ကျက်သည့်အပြင် ငါးရဲ့အစိုဓာတ်အများစုကုန်ခမ်းသွားစေကာ အခြောက်ခံလိုက်သည်။ အကယ်၍ လမ်းခရီးတွင်အစာရှာရခက်သော် မှီဝဲရန် ရိက္ခာ စုဆောင်းထားခြင်းဖြစ်သည်။ စားသောက်အနားယူပြီးမွန်းလွဲချိန်ကျလာသည်နှင့် အချိန်မနှောင်းစေရန်ခပ်သွက်သွက်လေးခရီးနှင်လာခဲ့သည်။

အမ်းမရုတ်သည် အရင်နေရာများကဲ့သို့ သစ်တောစိမ်းကြီးများနှင့်သာဖုံးလွမ်းနေသည့်မြို့တစ်ခုမဟုတ်ပေ။ ခရီးလမ်းတစ်လျှောက် စားသောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များနှင့် တိုင်းရင်းဆေးခန်းများပေါများလျှက်ရှိသည်။ အထူးသဖြင့် ပေါများသည်မှာ ယာမကာဆိုင်များဖြစ်သည်၊ လမ်းတစ်လျှောက်လုံး ဆိုင်ကြီးငယ်များသည် စိတ်နေ​၏။
နေ့လည်ကြောင်တောင်ကြီးတောင် ထိုဆိုင်များတွင်လူစည်နေသေးသဖြင့် ဒီမြို့ကလူတွေနေရင်းထိုင်ရင်း အသပြာရနေတာလားဟူ၍ပင်တွေးမိသေးသည်။ ထို့နောက် ဒီဒေသအကြောင်းသိချင်ရင် ဆိုင်တစ်ခုခုမှာ စကားစမြည်ပြောရင်းစုံစမ်းတာကောင်းလိမ်မယ်ဆိုသည့်အတွေးဖြင့် လူခြေနည်းသော စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ခဲ့​၏။

Lost SoulsWhere stories live. Discover now