Chapter 7 {Hee Seung)

240 25 6
                                    

"The Best Way of Keeping A Secret is to Pretend There Isn't One"

▫️

"လျှို့ဝှက်ချက်တစ်ခုကိုထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်းက ဘာကိစ္စမှမဖြစ်ခဲ့သလိုနေနိုင်ဖို့ပဲ......"

​အသက်အရွယ်အရ အရမ်းကြီးမကြီးသေးဟန်မရှိသော လူရွယ်တစ်ယောက်သည် သစ်ပင်ကြီးတစ်ခုပေါ်ရှိသစ်ကိုင်းကိုမှီ၍အိပ်မောကျလျှက်ရှိတယ်။
➖➖➖

ကောင်းကင်ကြီးသည်နီရဲတောက်နေပြီး မြေပြင်တွင်လဲမီးတောက်များကြားတိုက်ပွဲများပြင်းထန်လျှက်ရှိသည်။

မိုင်ရာ.... ဆိုသည့်ခေါ်သံ​ သူအကြားတွင် အမျိုးသမီးတစ်ဦးသည် ကောင်းကင်တွင်ထီးထီးကြီးရပ်နေခဲ့သည်။

မကြာခင်ကြွေကျတော့မည့်ပန်းလေးတစ်ခက်နှယ် ငြိုးငယ်နေလျှက်ရှိနေသော်အမျိုးသမီးသည်မျက်လုံးနှစ်ဖက်ကိုအသာမှိတ်ထားပြီး ငြိမ်သက်လျှက်ရှိသည်။

ထိန်တောက်နေသောနေတစ်စင်းသည်ကျယ်ပြန်သောလောကတခွင်တွင်မှ သူမအပေါ်ဖျာဆင်းကျနေကာ ကိုယ်ခန္ဓာမှရောင်နီတန်းများ တစ်ဖျက်ဖျက်တောက်နေသလိုပင်။

ထိုမြင်ကွင်းကို Alberhead တောင်စောင်းအစွန်းမှစောင့်ကြည့်နေခဲ့သော သူကိုယ်တိုင်ပင်အလွန်မြတ်နိုးနေမိလေသည်။

ထိအချိန် သူမနောက်မှ မီးခိုးငွေ့တန်းကြီးတစ်ခုအလွန်လျှင်မြန်စွာရောက်လာပြီးသူမအားတိုက်စားပျောက်ကွယ်သွားလေသည်။ သူမသည် တခြားသူမဟုတ် ဟီးဆွန်း​၏စိတ်ထဲတင်ပုံဖော်ထားခဲ့သော့သူ​၏ အမေပင်ဖြစ်သည်။

"အမေ.........." ဆိုပြီးအကျယ်ကြီးအော်ခေါ်နေချိန်အနောက်တွင်ဆူးရှသောအရာတစ်ခုဖြင့်ထိုးခြင်းကိုခံလိုက်ရ​၏။ ထို့နောက်ရပ်နေခဲ့သောတောင်စောင်းအစွန်း​မှအောက်သို့ပြုတ်ကျလာခဲ့သည်။

"ဘုတ်"

"ဟ ဘယ်လိုလုပ် ဘုတ် လဲဟ ..... ဪ ငါမသေသေးဘူးပဲ" ဆိုကာမျက်လုံးဖွင့်ကြည့်လိုက်ကာမှ အေးခရပ်စ်​၏ မုတ်ဆိတ်မွေးအရှည်ကြီးသည်မျက်လုံးပေါ်တွင်ဝဲနေ​၏။

"ကောင်လေး မင်းဘာတွေဖြစ်နေတာလဲ"

ထိုအခါမှ ကပျာကယာကောက်ထပြီး "ကျွန်တော်ခဏတာအိပ်မောကျသွားတာပါဆရာကြီး"

Lost SoulsWhere stories live. Discover now