Chapter 10 (Prince Hoon: ငါ့ရဲ့မွေးဖွားခြင်းဟာမင်းတစ်ဦးထဲအတွက်ဖြစ်နေလိမ့်မည်လား)

314 28 4
                                    

ကမ်မလော့ အိမ်တော်တွင်း အစေခံများသည် ဟိုသည်စုကာ တကုပ်ကုပ်နှင့် အလုပ်လုပ်နေကြသည်။ ဇွန်းခွက်ပန်းကန်သံများ တစ်စွန်းတစ်စနှင့် ဖြစ်နေသော်လည်း မည်သူတစ်ဦးတစ်စမှ စကားပြောနေခြင်းမရှိပါလေ။

မီးဖိုချောင်မှ အိုးသံခွက်သံများ တစ်စတစ်စ ထွက်ကျလာသည်ကိုပင် လစ်ဒီရာတစ်ယောက်မပြောနိုင်တော့။ ပုံမှန်နေ့ရက်များ၌ အိုးခွက်ပြုတ်ကျသံလေးများမပြောနဲ့ စကားပြောသံကျယ်ကျယ်ကြားရလျှင်တောင်မှ လစ်ဒီရာ​၏အပြစ်ပေးခြင်းကိုခံရသည်။ ဒီတစ်ခေါက်တော့ အထိန်းတော်ကြီး လစ်ဒီရာသည် ဆူဖို့ပင်မဆိုနှင့် မင်းသားဟွန်းရဲ့ လိုအပ်သည်များကို လိုက်လုပ်ပေးနေရသည်နှင့် အစေခံများကိုအပြစ်ပြောဆိုချိန်မရှိပေ။

မနေ့ကတည်းက အမှောင်ကျချိန်မှပြန်လာခဲ့သောမင်းသားဟွန်းလေးကြောင် လစ်ဒီရာသည်စိတ်ပူခဲ့ရသည်အပြင် ယနေ့လည်းအစောကြီးထကာ အပြင်ထွက်ဖို့ပြင်နေပြန်သောမင်းသားလေးကြောင့် အထိန်းတော်ကြီးခင်ဗျာ ရင်မောရလေသည်။

အစေခံများသည် လစ်ဒီရာ​၏ အရိပ်အခြေကိုကြည့်ကာ အသံပင်မထွက်ရဲကြ။ မင်းသားလေးနှင့်ပတ်သတ်လာရင် အမြဲအရေးကြီးနေတတ်သော အထိန်းတော်ကြီးခင်ဗျာ ဒီတစ်ကြိမ်တွင်တော့ ငုတ်တုတ်မေ့နေလေသည်။ နေရောင်ထွက်ဖို့မဆိုသေး လရောင်တောင်မကွယ်ပျောက်သေးတဲ့အချိန်ကြီးကို ပြန်ထွက်မယ်တကဲကဲလုပ်နေတဲ့ မင်းသားလေးကို မတားနိုင်သည့်အဆုံး လစ်ဒီရာသည်ငြိမ်သက်ကာ သူ​၏သဘောမတူညီမှုကို ဖော်ပြနေလိုက်သည်။ မည်သို့ပင် မင်းသားလေးပေါ်၌ ကောင်းစေ့ချင်လို့ပင်ဖြစ်စေ အမျက်ထွက်လို့မဖြစ်၊ မင်းသားလေး စိတ်ရှိပါက သူအပါအဝင် အစေခံများသည် ဥပဒေ စည်းကမ်းများ မငြိစွန်းနေလေပဲ မင်းသားအား မထိမဲ့မြင်ပြုမှုဖြင့်ပင် လောကမှမျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားနိုင်လေသည်။ အခြားသောမင်းသားများနှင့် အိမ်တော်များတွင် မထိမဲ့မြင်ပြုမှု၊ တော်ဝင်သွေးသားအား အသရေဖျက်မှုများဖြင့် အလုပ်ကြမ်းနှင့်တစ်သက်တာ ထောင်နန်းစံသွားရသည်မှာ ဒုနှင့်ဒေးပင်။ ယောက်ျားသားများဖြစ်ပါက စစ်ရေးလေးကျင့်ရာ ရဲတိုက်များ၌ လက်ဝှေ့ထို့သည့်သဲအိတ်များကဲ့သို့ အရာရှိများ​၏ လေ့ကျင့်ရာ သက်မဲ့အရာဝတ္ထုများ အဖြစ်နှိပ်စက်မှုများကို ခံစားရင်းဘဝသက်တမ်းကုန်ဆုံးသွားကြသလို ထိုနေရာသို့ရောက်ပြီး ရက်ပင်မကူးသေး ဘဝကူးသွားသူများလဲ ရှိခဲ့ပြန်သည်ပဲ။

Lost SoulsWhere stories live. Discover now