Chapter 3 {Abaddon😈}

457 57 6
                                    

အဗယ်ရ်လွန်တိုင်းပြည်တွင်မွေးကင်းစလေးများနှင့်ကလေးငယ်လေးများပျောက်ဆုံးမှုများစွာရှိတတ်သည်။
ပျောက်ဆုံးသည်ဆိုသည်မှာအမည်သာတတ်ထားခြင်းဖြစ်ပြီး အမှန်တော့မိသားစုလိုက်သတ်ဖြတ်ခံရပြီးကလေးငယ်များပျောက်ဆုံးနေသည့်အမှုများသည်ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိသည်။
ထိုအမှုများနှင့်ဆက်စပ်ပြီး အရ်ဗလွန် ကာကွယ်ရေးနှင့်စုံစမ်းစစ်ဆေးရေးမှထိရောက်တဲ့အဖြေကိုရှာမတွေ့တာ့ကြောင့်ခေါင်းဆောင်များသည်ဘာမှမဖြစ်သလို ညီလာခံတွင်နှုတ်စိတ်နေခဲ့ကြသည်။ 
ကလေးငယ်များပျောက်ဆုံးနေခြင်း​၏ အဓိကအကြောင်းအရင်းမှာ ကလေးငယ်လေးများ​၏အမြုတေသည် စုန်းတို့​​၏ အာဏာစက်နှင့်နုပျိုမှုကို အထောက်အပံဖြစ်စေသောကြောင့် ကဝေများသည် ရက်သတ္တတစ်ပတ်စီတိုင်း အမြူတေသုံးခုကို ကဝေအကြီးအကဲကြီးဆီသိုဆက်သ ကြရသည်။

အဗယ်ရ်လွန်တိုင်းပြည်​၏ ရဲ့နေရာအနှံ့တွင် မှော်နက်ကဝေအကြီးအကဲ အ(ရ်)ဘတ်ဒွန် Abaddon ရဲ့ လက်အောက်ရှိ Satanism ဂိုဏ်းဝင် နတ်ဆိုးလက်အောက်ခံများဖြစ်သည့် မကောင်းဆိုးဝါးကဝေများ ကြီးစိုးလျက်ကြသည်။ အယ်ရ်ဗလွန် တိုင်းပြည်သည် မှော်နက်ကဝေတို့ရဲ့ နယ်မြေသာဖြစ်ပြီး တခြားသောမျိုးနွယ်စုများ ဝင်ရောက်နိုင်ခြင်းမရှိအောင်ကာကွယ်ထားသောနယ်မြေဖြစ်သည်။

လက်အောက်ငယ်သားတို့ရှာလာသောသန့်စင်သည့်အမြုတေများကြောင့် အဘတ်ဒွန်သည် ကောင်းကင်ကနတ်တပါးနှယ်တောက်ပနုပျိုလျှက်ရှိသည်။ အဲလ်နော် Alnor ရဲတိုက်အတွင်းတွင် နီရဲနေသောမီးတောက်များဖြင့်အလှဆင်ထားပြီး တံတိုင်းများပေါ်ရှိချော်ရည်များသည် မီးတောင်တစ်ခုပေါက်ကွဲနေသည့် အသွင်သဏ္ဌာန်အတိုင်းဖြစ်နေ​၏။ ရဲတိုက်၏အလည်တည့်တည့်တွင် အရ်ဘတ်ဒွန်​၏ လျှို့ဝှက်ယဇ်ပူဇော်သည် အဆောင်တစ်ခုကိုတည်ထားပြီး အရ်ဘတ်ဒွန်နှင့် နတ်ဆရာကြီး ဆက်သ်တို့ နှစ်ဦးတည်းသာဝင်ထွက်ပိုင်ခွင့်ရှိသည်။

"ခေါင်းဆောင်ကြီး နတ်ဆရာကြီးဆက်သ်က လျှောက်တင်စရာရှိလို့ပါတဲ့"
"အင်.... လာပြီ"

အရ်ဘတ်ဒွန်သည် သက်တမ်းအားဖြင့်နှစ်တစ်ထောင်သက်တမ်းရှိသော ကဝေပင်ဖြစ်သော်ငြားလဲ အမြုတေစွမ်းအားများကြောင့် အသက်နှစ်ဆယ်ခန့် ချောမောလှပသည့် လူငယ်တစ်ဦးအသွင်သာဖြစ်နေသည်။ အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်မှော်နက်ကဝေတံဆိပ်ဖြစ်သည့် ရွှေရောင်ဓားပုံပေါ်တွင်မီးတောက်တစ်ခုတောက်နေသည့် အဝတ်အပိုင်းအစကိုရင်ထိုးအနေဖြင့်အမြဲတတ်ထားလေ့ရှိသည်။ အလွန်တရာကြည့်ကောင်းသောလူငယ်လေးအသွင်ရှိသော်လည်းအတောမသတ်နိုင်သောလောဘများကြောင့်အရ်ဘတ်ဒွန်သည် အကြမ်းအကြုတ်ဆုံးမျိုးနွယ်စုခေါင်းဆောင်တစ်ဦးဖြစ်နေလေသည်။
အရ်ဘတ်ဒွန်သည် အယ်ရ်ဗလွန်တိုင်းပြည်ကို မိမိနိုင်ငံတော်အဖြစ်သိမ်းယူဖို့အထိကြိုးပမ်းနေခြင်းဖြစ်ပြီး မှော်နက်ပညာအဆင်တိုးမြှင့်ဖို့ရန် အဘက်ဘက်မှအားထုတ်နေသူတစ်ဦးဖြစ်ပေသည်။

ဆက်သ်က "အရှင်အရ်ဘတ်ဒွန် ကျွန်တော်မျိုးလျှောက်တင်ရမှာစိုးဝံ့ပင်မယ့် အရှင့်ရဲ့အသက်အန္တရာယ်နဲ့မျိုးနွယ်စုကိုထိခိုက်နိုင်သောကြောင့်တားဆီးနိုင်ရန်အလို့ငှာလျှောက်တင်ပါ့မယ် ဆိုပြီးအမျက်တော်မရှစေရန်ဦးစွာပြောကြားလိုက်​​၏"။
"များမကြာမီ ဆယ်စုနှစ်အတွင်းမှာ ကြယ်စုအဝေး​၏စွမ်းအင်အပြည့်အစုံကိုလက်ခံရရှိထားပြီးအရှင့်ကိုယ်တိုင်အနှစ်နှစ်အလလကြာအောင်ဖန်တီးထားရတဲ့ မှော်နက်စွမ်းအင်တွေနဲ့မျိုးနွယ်စုကိုပါပျက်သုန်းသွားအောင်ဖျက်ဆီးမည့်ကလေးငယ်တစ်ဦးဖွားမြင်လာမယ်ဆိုပြီး လစ်လစ်သ် Lilith သခင်မက နိမိတ်တော်ပြသွားပါတယ်"

အလ်နော် ရဲတိုက်တစ်ခွင်းလုံးသည့် အစိမ်ရောင်မီးတောက်များအဖြစ်သို့ပြောင်းလဲကုန်ပြီ အရ်ဘတ်ဒွန်​၏ခန္ဓာကိုယ်မှ အစိမ်ရောင်အငွေ့များလဲတောက်လောင်လျှက်ရှိသည်။ "ဘယ်အရာနဲ့ အဲ့ဖြစ်စဉ်ကိုတားစီးနိုင်လဲ" ဆိုပြီးအရ်ဘတ်ဒွန်ဒေါသတကြီးနှင့်မေးလိုက်၏။

"တားဆီးရန်အတွက်တခြားလောကသားများနှင့်ပူးပေါင်းလုပ်ဆောင်ပြီး အရှင့်​၏ မှော်ပညာမြင့်ထားရုံကလွဲ၍ တခြားဟာမစွမ်းဆောင်နိုင်ပါ၊ တခြားလောကသားတွေနှင့်ပူးပေါင်းရမည်ဆိုသည့်အချက်က ကလေးငယ်ဟာလကွယ်ညရဲ့ အမှောင်ဆုံးအချိန်မှာမွေးဖွားမှာဖြစ်ပြီး မွေးဖွာလာပြီးသည်နှင့်တပြိုင်နက်တလောကလုံးအားအလွန်တောက်ပသောရွေရောင်အလင်းတန်းများဖြင့်ထိန်လင်းစေမည်ဖြစ်သော့ကြောင့် ထိုကလေးအရွယ်မကြီးခင်ကတည်းက မဟာမိတ်များအကူအညီဖြင့်သုတ်သင်ရှင်းလင်းနိုင်ရန်ဖြစ်ပါသည် အရှင်"...

Lost SoulsWhere stories live. Discover now