-1-

429 30 4
                                    

Unicode

"Park Jimin!!...."

"ဘာလဲ!.."

သူ့ရှေ့တွင်မျက်ရည်တွေနဲ့အော်ဟစ်‌နေသောမိန်းက‌ေလးကိုသူနှာခေါင်းရှုံ့လိုက်သည်။

ငိုထားတာကြောင့်သူမမျက်နှာပေါ်တွင်ခြယ်သထားသော liner များမှာအမည်းရောင်အရည်များအဖြစ်သို့ပြောင်းကာပါးပေါ်တွင်စီးကျနေလျက်။

*ကျစ်အဲ့လောက်ရုပ်ဆိုးမှန်းသိရင်မ date ခဲ့ပါဘူး အသံကလည်းအိညှောင်အိညှောင်နဲ့*

"ဂျီမင်းရား ငါ့ကိုမထားသွားပါနဲ့ ငါအမှားရှိရင်ပြင်ပါ့မယ်နော် ဟင်...."

"ကျစ်!..... ချွဲယူရာ! ငါနင့်ကိုပြောပြီးပြီလေ နင်ကိုငါအပျော်တွဲတာပါဆို! နင်လည်းသိသိရက်နဲ့လက်ခံပြီးတော့ အခုမှဘာဖြစ်နေတာလဲ!"

"ရားးးးးးးး မသွားပါနဲ့!!"

ဒူးထောက်ကျကာငိုယိုနေသောမိန်းကလေးကို တစ်ချက်မျှကြည့်ပြီး ထွက်လာခဲ့တဲ့ ဂျီမင်း..... သူ့ကိုထောင့်တစ်နေရာကနေကြည့်နေသောအဖြူရောင်အရိပ်ကလေးအားမမြင်လိုက်မိ......

*ကျစ်!ဒီလိုပုံစံနဲ့ဆိုအတော်ပြုပြင်‌ေပးရမှာပဲ*

>>>>>>>>>>>>

အဖြူရောင်အခိုးငွေ့များကြားရှိပလ္လင်ပေါ်တွင်အခန့်သားထိုင်နေသော လှပကျော့ရှင်းသည့်အမျိုးသမီးတစ်ဦး။ သူမရှေ့တွင်တော့ ရိုရိုသေသေဖြင့်ဂါရဝပြုလိုက်သောမိန်းကလေး။

"Angel Yuki ဟိုလူသားရဲ့အခြေအနေဘယ်လိုရှိလဲ?"

"ကျွန်တော်မျိုးမ စုံစမ်းကြည့်ရသလောက်တော့ ထိုလူသားဟာ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေတာတွေ့ရပါတယ် မြင့်မြတ်သော Angel Rosetta"

"အေးကွယ်သူ့ရဲ့အစောင့်အရှောက်နတ်ကလည်း Evil တစ်ဦးကိုဒေါသထွက်မိလို့နတ်သက်ကြွေသွားရပြီကွဲ့....."

(နတ်တွေကဒေါသထွက်မိတာနဲ့ နတ်သက်ကြွေတယ်လို့ကြားဖူးပါတယ် ဟုတ်မဟုတ်သေချာမသိပါဘူး ဟုတ်တယ်လို့ပဲခဏမှတ်လိုက်နော်😅)

My Serendipity (Park jimin x oc)R E S TWhere stories live. Discover now