-3-

116 26 5
                                    

Unicode

"ဆူဘင်း‌ေလးနဲ့ယူကီတို့မောင်နှမအလုပ်သွားတော့မလို့လား?"

သူမနှင့်ဆူဘင်းတို့လမ်းလျှောက်နေစဉ် မရင်းနှီးတဲ့အသံတစ်ခုကြောင့်အ‌ေနာက်ကိုလှည့်ကြည့်လိုက်မိသည်။

အမည်- ချွဲဂျင်းမီ

ဘေးအိမ်တွင်နေထိုင်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ထားသောသူ။

ဟမ်!ဘာလဲဟ?! ငါလည်းသူ့ကိုမသိဘဲနဲ့ သူ့အကြောင်းတွေခေါင်းထဲကအလိုလိုပေါ်လာပါလားဟ?!

"ဟုတ်အန်တီဂျင်း... ကျွန်တော်တို့ကိုခွင့်ပြုပါဦး" ဆူဘင်းမှပြန်နှုတ်ဆက်လိုက်၏။

ခေါင်းတငြိမ့်ငြိမ့်နှင့်ပြုံးပြနေသောအန်တီကြီးကို ‌သူမလည်းပြန်ပြုံးပြကာဆူဘင်းဆွဲခေါ်ရာနောက်လိုက်ရတော့သည်။

"ဟဲ့... ဟိုအန်တီကြီးက..."

"ဟုတ်တယ် သူနဲ့နင်ကမသိဘူး သူတို့တွေရဲ့မှတ်ဉာဏ်ထဲမှာငါတို့တွေကအလိုအလျောက်ရှိသွားတာ Mission ပြီးတာနဲ့သူတို့တွေငါတို့ရဲ့ဖြစ်တည်မှုကိုမေ့သွားမှာ..."

သူမသိချင်တဲ့အဖြေကိုဆူဘင်းကကြိုသိနေသည့်အလား မမေးခင်ကအဖြေပေးလိုက်၏။

"သူတို့ဆိုတာငါတို့ Mission တစ်လျှောက်လုံးမှာပတ်သတ်ရမယ့်လူတွေပေါ့?"

သူမအမေးကိုခေါင်းတစ်ချက်သာငြိမ့်ပြကာ ဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားသော ဆူဘင်း။

Moonchild Café

ဆိုင်နာမည်လေးကချစ်စရာတော့ကောင်းသားပဲ....

သူမလည်းဆူဘင်းနောက်မှလိုက်ဝင်လိုက်သည်။ ဆူဘင်းကထောင့်ကျကျစားပွဲဝိုင်းတွင်နေယူလိုက်တော့သူမလည်းသူ့မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

"ကဲ ညီမလေးတို့ထုံးစံတိုင်းပဲလား?..."

ပါးချိုင့်ကြီးတွေခွက်ဝင်သွားသည်အထိပြုံးပြကာမေးနေသောလူတစ်ယောက်။

အမည်- ကင်မ်နမ်ဂျွန်း

Moonchild Café ၏ပိုင်ရှင်များဖြစ်‌ေသာချွဲဂျင်းမီနှင့်ကင်မ်ဂျွန်း‌ေယာင်းတို့၏သားဖြစ်သူ။

My Serendipity (Park jimin x oc)R E S TTempat cerita menjadi hidup. Temukan sekarang