-6-

93 22 8
                                    

Unicode

"ယူကီ-ရှီ.... ကျတော်အိမ်မပြန်ချင်သေးဘူး"

ကားမောင်းနေတဲ့ယူကီ... ဂျီမင်ကိုလှည့်ကြည့်လာ၏။

"Waeyo?....."

"ဒီအတိုင်း.... ဟူး... အိမ်ပြန်ရင်လည်းကျတော့်ကိုကြိုဆိုနေမဲ့သူက အိမ်အကူတွေပဲရှိတာလေ ဟဟ...."

ဂျီမင်ကရယ်သံနှော၍ပြောလိုက်သော်လည်း ‌သူ၏မျက်ဝန်းတွေကအထီးကျန်ခြင်းကိုဆောင်နေ၏။

"ဂျီမင်-ရှီ?..."

"ဗျာ?!....."

"ကျမတို့တွေ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး ရင်းနှီးအောင်လုပ်ကြမလား?....."
.
.
.
.
.

Epiphany Restaurant

"ဘာသုံးဆောင်မလဲမသိဘူး ရှင့်?..."

Menu စာအုပ်တွေကို ကမ်းပေးလာတဲ့‌ စားပွဲထိုး မိန်းကလေးကိုသူမပြုံးပြလိုက်သည်။

မိန်းကလေးက သူမကိုမျက်စိတစ်ဖက်မှိတ်ပြရင်း ဂျီမင်ဘက်သို့လှည့်သွား၏။

"ကျတော့်ကို Spaghetti တစ်ပွဲပဲပေးပါ...."

"ကျမကိုလည်း Spaghetti ပဲ..."

စားပွဲထိုးမိန်းကလေးကရေးမှတ်စရာတွေရေးပြီး ပြန်ထွက်သွားသည်။ ခဏအကြာ ဝိုင်တစ်ပုလင်းကိုကိုင်ပြီးပြန်လာ၏။

"အိုး.... Merlot ပဲ...."

ဂျီမင်ကဝိုင်ပုလင်းကိုကြည့်ကာပြုံးသည်။

စားပွဲထိုးမလေးက ဝိုင်တွေကိုငှဲ့ထည့်ပေးပြီး ပုလင်းကို စားပွဲပေါ်ချပေးပြီး ပြန်ထွက်သွားသည်။

ဝိုင်ကိုအရသာခံသောက်နေတဲ့ဂျီမင်အား ယူကီဘက်မှစကားစလိုက်သည်။

🐥🍷

"ဂျီမင်-ရှီ ကိုကျမအကြောင်းစပြောမယ်နော် ပြီးရင်တော့ ဂျီမင်-ရှီ အလှည့်ပဲ....."

"ကောင်းပြီလေ...."

အတန်ကြာတိတ်ဆိတ်သွားတဲ့စကားဝုိင်းလေး.... ယူကီလည်းသူမအကြောင်းကိုဘယ်လိုပြောပြရမလဲစဉ်းစားနေ၏။ ကောင်းမွန်လောက်မဲ့လုပ်ကြံဇာတ်လမ်းတစ်ပုဒ်စိတ်ထဲမှတွေးပြီးမှယူကီဘက်မှသက်ပြင်းတစ်ချက်ချကာ စကားစလိုက်၏။

My Serendipity (Park jimin x oc)R E S TDonde viven las historias. Descúbrelo ahora