-8-

97 22 6
                                    

Unicode below...

Zawgyi

ယူကီတစ်ယောက် ကိုယ့်ကိုကိုယ်မှန်ထဲတွင်ပြန်ကြည့်ရင်း သဘောကျကာပြုံးလိုက်သည်။

သူမနှင့်ဂျီမင် ချိန်းဆိုထားသည်ဖြစ်၍ ဧည့်ခန်းထဲမှာထိုင်ကာ ဂျီမင်လာအခေါ်ကိုထိုင်စောင့်နေလိုက်သည်။

"ယူကီ! ဘယ်သွားမလို့လဲ?!..."

"ဂျီမင်နဲ့ချိန်းထားလို့လေ ဟိဟိ..."

ဆူဘင်းက သူမဘေးတွင်ဝင်ထိုင်ရင်း...

"တအားကြီးလည်းပျော်မနေနဲ့ ၃လပဲလိုတော့တာနော် ယူကီ!...."

"၃လ?!..."

ဆူဘင်းကသူမအား မျက်လုံးပြူးပြီး နင်မသိဘူးလားဟူ၍မေးလာသည်။

Angle Rosetta သည်သူမကို သူ၏သားနှင့်ကွဲအောင်လုပ်သည့်တရားခံဖြစ်သည်ဟု သူမသဘောပေါက်လိုက်ရသည်။

"သတ်မှတ်ရက်အတွင်း Mission မအောင်မြင်ရင် ထာဝရသေဆုံးသွားမှာနော်!"

သူမခေါင်းသာငြိမ့်ပြလိုက်သည်။ ခုနကပျော်နေသောစိတ်လေးလဲကြက်ပျောက်ငှက်ပျောက်။

*တီ... တီ...*

"ဟောလ်! ဂျီမင်လာပြီ!!"

"အေး ငါသွားပြီနော်!"

ဆူဘင်းကိုနှုတ်ဆက်၍ ဂျီမင်၏ကားပေါ်ကိုတက်လိုက်သည်။

"ယူကီ-ရှီ.... အာညော်..."

မျက်လုံးလေးမှိတ်ခါနီးအထိပြုံးပြတဲ့ဂျီမင်ကိုသူမလည်းပြန်ပြုံးလိုက်သည်။

"ဒါဆို... သွားကြတာပေါ့!"

>>>>>>>>>>>>>

"Wow! လှလိုက်တာ!!"

ကလေးတစ်ယောက်လိုခုန်ပေါက်ပြီး လိပ်ပြာလေးတွေအားလိုက်ဖမ်းသော သူမကိုကြည့်ကာ ဂျီမင်ပြုံးလိုက်သည်။

ခြံထဲတွင် နှင်းဆီရောင်စုံတို့စိုက်ပျိုးထားသော 'နှင်းဆီခြံ' ကြီးသို့ရောက်နေခြင်းဖြစ်၏။ ဒီနှင်းဆီခြံဟာ သူ့အမေပိုင်သောခြံတစ်ခြံဖြစ်သည်။

သူ့အမေဆုံးကတည်းက သူနှင်းဆီခြံကြီးကို သူ့အမေ၏နှစ်ပတ်လည်နေ့တိုင်းလာကာ မိခင်ဖြစ်သူ၏ အုတ်ဂူကိုကန်တော့သည်။

My Serendipity (Park jimin x oc)R E S TTahanan ng mga kuwento. Tumuklas ngayon