Unicode
"ဒီမှာ!... ရှင်လူတစ်ယောက်လုံးလာနေတာ မမြင်ဘူးလား?!!"
"ဟင်... မင်း.. မင်းရဲ့အကျီအရောင်..."
မျက်လုံးပြူး မျက်ဆံပြူးဖြင့် လက်ထဲမှဖုန်းပါလွတ်ကျသွားရအောင် အလန့်တကြားဖြစ်သွားသောဂျီမင် ယူကီ၏အကျီကိုကြည့်ကာ ကြက်သေသေနေတော့၏။
အကြောင်းမှာတော့ ယူကီဝတ်ထားသောအကျီသည် နဂိုမူလအစိမ်းရောင်မှအနီရောင်သို့ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။
ယူကီလဲသူမရှေ့မှာ ကြောင်ပြီးစကားတွေထစ်အနေသူကိုနှာခေါင်းရှုံပြီးသူမအကျီကိုငုံ့ကြည့်လိုက်ရာ
ဟိုက်! ဘယ်လိုဖြစ်တာလဲ ဘာလို့အရောင်ပြောင်းသွားတာလဲ?! ကျစ်!! မဟုတ်မှလွဲရော? ဆူဘင်းပြောသလိုအကျီကပြောင်းသင့်ချိန်တန်လို့ပြောင်းသွားတာဖြစ်ရမယ်!! ဪ ဒုက္ခပါပဲ! ခုနကော်ဖီတွေပေးသွားလို့ထင်တယ် ! ကျစ်!! ဒီလူဆိုးကောင်ရှေ့ကျမှ
သူမလည်းအရူးကွက်နင်းလျက်
"အဟမ်း! ကျမအကျီကဘာဖြစ်လို့တုန်း?!"
"ဒါ.... ဒါပေမယ့်.. ခု.... ခုနကအစိမ်း...အစိမ်း.."
"Aishhhh!! ဘာတွေပြောနေတာလဲ?! ကျမအကျီကအစကတည်းက အနီပါနော် ရှင့်မျက်စိကို ဆရာဝန်နဲ့သွားပြလိုက်ဦး!"
ချာခနဲလှည့်ထွက်သွားသော မိန်းကလေးကို ကြည့်ပြီးဂျီမင်သက်ပြင်းချမိသည်။
ဟူး! ခုတလောစိတ်ဖိစီးနေတာနဲ့ မျက်စိတွေလည်းမူမဟန်တော့ပါလား အနီကိုအစိမ်းမြင်လို့မြင်နဲ့! Wait!! အနီကိုအစိမ်းမြင်တယ်ဆိုတော့?! မဟုတ်မှလွဲရော ငါ.... ငါ Colour Blind ဖြစ်နေတာလား?! Arnyi မဟုတ်ပါဘူး !!! မဖြစ်နိုင်ဘူး!!!
လမ်းလယ်တွင် တစ်ယောက်ထဲ ခေါင်းညိမ့်ခေါင်းခါလုပ်နေသော သူတို့၏သူဌေးကိုဝန်ထမ်းများကကြောင်တောင်တောင်ဖြင့်ကြည့်သွားသည်အားဂျီမင်သတိမမူမိလိုက်။
>>>>>>>>
*ဒေါက်... ဒေါက်... ဒေါက်...*
"ဝင်ခဲ့ပါရှင့်!"
أنت تقرأ
My Serendipity (Park jimin x oc)R E S T
عشوائيUnicode+Zawgyi (R E S T) Main leads.... Park Jimin Angel Yuki (oc) Jeon Jung Kook Start-2.8.2021 End- The whole story is just my imagination, not reality. If you don't like don't read! #Myanmar Fanfiction #Own Creation