-5-

99 25 8
                                    

Unicode

ပြတင်းပေါက်မှတဆင့်တိုးဝင်လာသော နေရောင်ခြည်သည် ဂျီမင်၏မျက်နှာနုနုကို ရိုက်ခတ်နေ၏။

နေရောင်စူးစူးကြောင့် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဘေးမှဖက်လုံးကိုခွလိုက်၏။

ဖက်လုံးကဘယ်လိုကြီးလဲဟ?! မသိရင်လူတစ်‌ယောက်ကိုဖက်အိပ်နေရသလိုပဲ။ ဟင်!!! ဖက်လုံးရဲ့ထိပ်မှာလဲအမွှေးတွေနဲ့ ဘာ.... ဘာကြီးလဲဟ?!!!

မျက်လုံးကိုဖျက်ခနဲဖွင့်ပြီးကြည့်လိုက်တော့ ရင်နှီးနေတဲ့မျက်နှာတစ်ခု

"ချွဲ... ချွဲ...ယူကီ....????"

မျက်လုံးဖောင်းဖောင်းလေးကိုမှိတ်ကာအိပ်နေသောသူမ မျက်တောင်ပုစိလေးတွေနှင့် နှုတ်ခမ်းဖူးဖူးလေးသည်လည်း အသည်းယားစဖွယ်အတိ။

Aigoo..... ဒီလိုကြတော့လည်း ချစ်ဖို့ကောင်းနေပြန်ရော လူကိုခပ်စွာစွာပြန်ပြောတတ်တဲ့ကောင်‌မလေးမဟုတ်တဲ့အတိုင်းပဲ

ဂျီမင်ပြုံးလျက်သူမနဖူးပေါ်တင်နေ‌တဲ့ ဆံစတွေကသပ်ပေးလိုက်သည်။

"ဟင်! ပါ့ခ်ဂျီမင်?!!"

တစ်ယောက်ယောက်က ကိုယ့်ကိုစိုက်ကြည့်နေပါတယ်လို့ ခံစားမိတာကြောင့် မျက်လုံးဖွင့်လိုက်တော့ ပြုံးပြုံးကြီးကြည့်နေတဲ့ဂျီမင်ကိုတွေ့လိုက်ရသည်။

"အာ.... နိုး... နိုးပြီလား?!..." ဂျီမင်ကမေးလိုက်၏။

သူမက တစုံတခုအား သတိရသွားဟန်ဖြင့် အိပ်နေရာမှငေါက်ခနဲ ထထိုင်ကာရေချိုးခန်းထဲပြေးဝင်သွားမိသည်။ ဂျီမင်ကတော့ကြောင်တောင်တောင်လေးအိပ်ရာပေါ်မှာကျန်ခဲ့၏။
.
.
.

အမှန်တော့ ယူကီရဲ့ညအိပ်ဝတ်စုံလေးက တစ်ခဏအတွင်း တခြားဝတ်စုံတစ်စုံအဖြစ်သို့ပြောင်းသွားမှာဖြစ်သောကြောင့်ဖြစ်သည်။

အခုလည်းအချိန်မီလေးတင် ရေချိုးခန်းထဲပြေးဝင်လိုက်မိလို့ ဂျီမင်သာမြင်သွားခဲ့ရင် သူမမှာလည်းဖြေရှင်းစရာစကားလုံးမရှိ။

ပြောင်းသွားတဲ့ အဝတ်အစားတွေကို မှန်ထဲတွင်ကြည့်၍ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ကာ ရေချိုးခန်းထဲမှပြန်ထွက်လာလိုက်သည်။

My Serendipity (Park jimin x oc)R E S TTempat cerita menjadi hidup. Temukan sekarang