-7-

99 22 3
                                    

Unicode

"ငါ... ငါနတ်ပြည်ကိုပြန်ချင်တယ်...."

"နင်ပြန်လို့မရဘူးလေဟာ!!"

ဂျန်နီဖာက သူမမျက်ရည်တွေကို တစ်ရှ္ူးနှင့်သုတ်ပေးသည်။

"ဟော.... ဟိုမှာ ဂ‌ျိီမင်ပြန်ထွက်လာပြီ!!"

ဂျန်နီဖာကယူကီ့ကို တစ်ချက်ကြည့်၍ အလုပ်လုပ်ရန်ပြန်ထွက်သွား၏။

"ဆောရီးပါ ယူကီ-ရှီ... ကျတော်နည်းနည်းကြာသွားတယ်.... ဟဲဟဲ.."

"ဪ.... ရပါတယ် ဂျီမင်-ရှီ...."

ဂျီမင်ကစားပွဲမှာဝင်ထိုင်ရင်း ယူကီ့မျက်နှာကိုလှမ်းကြည့်မိလိုက်သည်။

ဟင်! သူမငိုထားတာလား?!

သူမကိုစိုက်ကြည့်နေတဲ့ဂျီမင်ကြောင့်ယူကီလည်းမနေတတ်တော့ပဲ

"ဟိုလေ...... ဂျီမင်-ရှီ.... ကျမမျက်နှာမှာ ဘာပေနေလို့လဲဟင်?...."

"ယူကီ-ရှီ ငိုထားတာလား?...."

"မဟုတ်ပါဘူး...... ဂျီမင်-ရှီ အထင်မှားနေတာဖြစ်မှာပါ.... "

သူခေါင်းသာညိမ့်ပြလိုက်သောလည်း ဘဝင်မကျ။ သူမမျက်လုံးလေးတွေက ဖောင်းအစ်နေပြီး နှာထိပ်ကလေးကလည်းနီရဲနေ၏။

"ကျမတို့စားပြီးရင် ပြန်မယ်လေ..."

>>>>>>>>>>>>>>

JK တစ်ယောက်သလွန်ပေါ်တွင်လှဲအိပ်နေသည်။ စိတ်အစဉ်ကတော့ တစ်ဦးတည်းသောချစ်ရသူဆီမှာသာ။

"တောင်းပန်ပါတယ် ယူကီ...."

မျက်ရည်များလိမ့်ဆင်းလာတာ၍ အိပ်နေရာမှထထိုင်လိုက်သည်။

သူမကိုလက်လွှတ်ရမယ်ဆိုတဲ့အတွေးက စိတ်အစဉ်ကိုခြောက်ခြားစေသည်။

တစ်ဘဝလုံးစာရည်ရွယ်ခဲ့သည်မဟုတ် နောင်ဘဝဆက်တိုင်းအထိပါရည်ရွယ်ခဲ့သည်။

ဖူးစာရေးနတ်!

ရုတ်တရက်သူ၏ခေါင်းထဲမှာပေါ်လာသော ပုဂ္ဂိုလ်။ ဖူးစာရေးနတ်တွေသာဆိုရင် သူတို့နှစ်ယောက်ကို မကွဲအောင် လုပ်ပေးနိုင်တယ်မလား!

သလွန်ပေါ်တွင်ထိုင်နေရာမှ ထလိုက်တဲ့ အကြီးကဲJKတစ်ယောက် နတ်နန်းဆောင်ရှိ စက်တော်ခေါ်ရာအခန်းမှ အဖြူရောင်အငွေ့အဖြစ်ပြောင်းလဲကာပျောက်ကွယ်သွား၏။
.
.
.
.
"ဖူးစာရေးနတ်မင်းကြီးနဲ့တွေ့ချင်လို့ပါ"

My Serendipity (Park jimin x oc)R E S TWhere stories live. Discover now