တစ်ပတ်ကြာပြီးနောက်.....
ဝူး...ဝူး...ဝူး
"ဟဲ့ ဟို ပိုးဟပ်ဖြူလေးကဘယ်သူလဲ"
"အာ့ ငါတို့ပြောနေတဲ့ ရွာကိုခနအလည်သွားတဲ့ မြတ်မင်းခန့်လေ "
"အော်...ငါက၈တန်း ၉တန်း လောက်ပဲ ထင်တာ ဒါနဲ့ကောင်လေးက ဖြူဖြူသေးသေးလေးနော် လှချက်ကတော့ မိန်းကလေးတောင် အရှုံးပေးရလောက်တယ် "
" အေးဟယ်.... သူကစာတော်တယ် အနေလဲအေးတယ် ငါတို့နဲ့သာစကားများများပြောတာ သားလိမ္မာလေးလေ သူ့မှာအမေရယ်ဦးလေးရယ် သူ့ညီလေးရယ်ပဲရှိတာ"
"သူ့ပုံစံကအေးစက်စက်နဲ့ ငါလိုလူနဲ့အဆင်ပြေပါ့မလား ငါကတအားစတာ မထင်ရင်မထင်သလိုရိုင်းတတ်သေးတယ်"
"အာ့တော့ဟုတ်တယ် သူကငါတို့ရိုင်းရင်တောင်တရားချနေတာ"
"ဟိုမှာ လာနေပြီ"
ဒီကောင်လေးကဘာလို့အာ့လောက်တောင်လှရတာလဲ မိန်းကလေးထဲမှာတောင် သူ့လောက်လှတဲ့သူမျိုး မတွေ့ဖူးသေးဘူး ။
"မာလာ မေမြတ်မွန်တို့ရော အရင်ကစိုနင်တို့က ခွာမရဘူး စကားများထားကြတာလား"
*မေးလဲမေး ခြံဝန်းထဲလဲမျက်လုံးဝေ့ဝဲကြည့်လိုက်ချိန် သူ့ရှေ့ကထောင့်မကျိုးကောင်ကို မြင်လိုက်ရပါပြီ *
ဘေးနားကမာလာ့ကိုမျက်စပစ်ပြရင်း
"ဒါနဲ့သူက"
"အော် သူကငါတို့နဲ့တူတူပဲ ရန်ကုန်ကပြောင်းလာတာ မိတ်ဆက်ပေးရအုံးမယ် သူ့နာမည်က ခန့်ဘုန်းအောင်တဲ့"
"ငါ့နာမည် ခန့်ဘုန်းအောင်ပါ ပိုးဟပ်ဖြူနဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ် ငါနဲ့သူငယ်ချင်းလုပ်မယ်မလား"
"ဘာကွ! မင်းခုငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ ထောင့်မကျိုးကောင် "
"ပိုးဟပ်ဖြူလို့ ခေါ်လိုက်နာလေ အော်ဟော် ပိုးဟပ်ဖြူလေးက နားမကောင်းဘူးထင်တယ် "
"မင်း! "
"လူပုစိတ်တို ခွေးပုရန်လိုတဲ့ မှန်းစမ်း ပိုးဟပ်ဖြူလေးကသွားစွယ်လေးလဲ ပါသေးတာပဲ "
YOU ARE READING
The End (Complete)
Truyện Ngắnရန်ကုန်မှာ ၁၀တန်းကျပြီး မြောင်းမြမှာလာတတ်တဲ့ခန်းဘုန်းအောင်နဲ့ ပိုးဟပ်ဖြူလေးတို့ရဲ့ကတောက်ကဆလေးတွေကိုအသဲတယားယားနဲ့ဖတ်ရမှာပါ....