Part - 4

253 46 27
                                    

ခန့်ဘုန်းအောင်နဲ့ မင်းခန့်လေးတော်တော်လေး အဆင်ပြေလာခဲ့တယ် ဒါတောင်မှ ခန့်ကြီးကမထိတထိ စ တတ်သေးတာ ပြီးရင်သူပဲ မုန့်ပေးပြီး ပြန်ချော့ရမြဲပဲ။

အားလုံးအဆင်ပြေပြေပါပဲ ခန့်ဘုန်းအောင်ရဲ့ ချောမောခန့်ညားမှု ဂုဏ်သတင်းက အထက ၁ ကျောင်းတော်ကြီးမှာ ကျော်ဇောလာခဲ့တယ်။

အာ့ကြောင့်ပြောတာ ဘယ်လောက်ပဲရိုင်းစိုင်း နေပါစေ ရုပ်ကလေးချောတော့ ဘယ်သူမှအပြစ်မမြင်နိုင်ကြဘူး ။

ခန့်ဘုန်းအောင်နဲ့ မြတ်မင်းခန်း ကိုဝိုင်း Ship တဲ့သူတွေအများအပြားရှိလာခဲ့တယ် ကြိတ် Crush တဲ့သူတွေရောပေါ့။

အာ့ထဲကမှ ၈တန်းကျောင်းသူ " မြနှင်းဆီ"စိုတဲ့ ကောင်မလေးကတော့ ရဲတင်းလွန်းပြီး သူဖြစ်ချင်တာကိုဇွတ်အတင်း လုပ်ယူတတ်တဲ့ တဇွတ်ထိုး တဇောက်ကန်းပုံစံမျိုး။

ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းက ဖြစ်တာကြောင့်လဲပါမယ် ဒါကြောင့် မာလာတို့နဲ့ ခနခနပြဿနာတတ်စမြဲပဲ။

နေ့လည်ခင်းကျောင်းဆင်းချိန်....

"မင်းခန့် ထမင်းစားပြီးရင် ငါနဲ့အပြင်သွားရအောင်"
" အင်း သွားလေ လိုက်ခဲ့ပေးမယ်"

ထမင်းစားပြီးတာနဲ့ နှစ်ယောက်သား မြို့ထဲဆိုင်ကယ်နဲ့ထွက်လာခဲ့ကြတယ်။

"မင်းခန့် ကျောင်းပိတ်ရက်ကျရင် ငါ့ကိုဆိုင်ကယ်စီး သင်ပေးပါလား"

"အင်း သင်ပေးမယ်"

"မင်းရဲ့နှာခေါင်းလုံးလုံးက ချစ်စရာကောင်းတယ် နှုတ်ခမ်းကလဲဆေးအကူမလိုပါပဲ သဘာဝအတိုင်း နီစွေးစွေးလေး ငါသဘောကျလိုက်တာ မင်းသာမိန်းခလေးစို ငါမင်းကိုကြိုက်တယ် သိလား"

"မနောက်နဲ့ကွာ အစထဲက မင်းနဲ့ ငါ့ကို ဘာလိုလိုတွေ သတင်းထွက်နေတာ"

"ထွက်ထွက်ပေါ့ကွာ ဘာဖြစ်လဲ ဘသူ့မှသောက်ဂရုမစိုက်တာ "

အရင်က မာလာတို့ကလိင်တူချစ်ကြိုက်တာကို ပြောပြရင် မဖြစ်နိုင်ဘူးလို့ပဲ ပြန်ပြောခဲ့ ယောကျာ်းလေးစိုတာ မိန်းကလေးကိုပဲ ချစ်ရမယ်စိုပြီး ပုံသေတွက်ထားခဲ့တာ။

The End (Complete)Where stories live. Discover now