"အဟမ်း အစ်ကို ကျောင်းထဲမဝင်သေးဘူးလား"ရှေ့ကနှင်းဆီကို မေ့နေတာ သူ့ချောင်းဟန့်သံ ကြားမှ အသိပြန်ဝင်လာတယ်။
"ဝင်နှင့်လိုက်လေ ငါတို့ကအတန်းတူတာမှ မဟုတ်တာ ငါသူနဲ့စကားပြောအုံးမယ်"
* ဒီကောင်ကိုခန့်ကို ဘယ်လိုတွေ မြှူဆွယ်အုံးမလဲမသိဘူး*
စိတ်ထဲမှာတော့ ကြိတ်မနိုင်ခဲမရနဲ့ ရှေ့ကအဖြူကောင်ကိုပဲ မေတ္တာပို့နေလိုက်တယ် ။ အပြင်ပန်းမှာတော့ အပြုံးတုကို ပန်ဆင်လျှက်
"အာ့စို နှင်းဆီသွားပြီနော် သွားလိုက်ပါအုံးမယ် ကိုမြတ်မင်းခန့်"
"Omm"
"နာရီလေးကမင်းနဲ့တော့ လိုက်သားပဲ မင်းကြိုက်တယ်မလား"
"အင်း အရမ်းကြိုက်တယ်"
"ကြိုက်တယ်စိုလို့တော်သေးတာပေါ့ အာ့လို မွေးနေ့လက်ဆောင်ကိုယ်တိုင်မရွေးဖူးဘူး မေကြီးကိုပဲပြောပြီး သင့်တော်တာ ဝယ်ခိုင်းနေကျ မင်းကိုပထမဆုံး ရွေးပေးဖူးတာပဲ"
မင်းဆီကပထမဆုံး စိုတဲ့အရာတွေထဲက တခုကို ကံထူးဖူးပြီပေါ့။ ကိုယ်ချစ်ရတဲ့သူဆီက မင်းအတွက်ပထမဆုံး ရွေးပေးဖူးတာ စိုတာနဲ့တင်ကို ဝမ်းသာပီတိ ဂွမ်းဆီထိပါပဲ။
ကျွန်တော်မျိုး အကျေနပ်ကြီးကျေနပ်နေပါပြီ။ လောကမှာ ကံအကောင်းဆုံး လူသားကို ပြပါစိုရင် ကျွန်တော်ကိုယ်တိုင်ပါပဲ။
"ဘာတွေသဘောကျပြီးပြုံးနေတာလဲ သွားမယ်လေ"
"အော် အေးအေး သွားမယ်"
တကယ်ဗျ ကျွန်တော့ရဲ့ အဆိုးလေးက အပြုံးအရယ်ရှားတယ်။ သူပြုံးလိုက်ရင်တအားချောတယ် ။ သူဘာတွေ သဘောကျပြီး ပြုံးနေတာပါလိမ့် သူ့ကိုပြုံးစေနိုင်တဲ့သိချင်လိုက်တာ။
ဖြစ်နိုင်ရင်လေ ကျွန်တော်ချစ်ရတဲ့ အဆိုးအပေလေးရဲ့ အပြုံးတွေကို ကျွန်တော့ကြောင့်ပဲ ဖြစ်တည်စေချင်တာ ကျွန်တော်အတ္တကြီးမှန်းသိပါတယ်။
ဒါမယ့် သူက ကျွန်တော့်လို Gay တစ်ယောက်ကို ပြန်ကြိုက်ပါ့မလား ? မြနှင်းဆီနဲ့ကရော ဘယ်အခြေနေထိရောက်နေကြပြီလဲ ?
YOU ARE READING
The End (Complete)
Short Storyရန်ကုန်မှာ ၁၀တန်းကျပြီး မြောင်းမြမှာလာတတ်တဲ့ခန်းဘုန်းအောင်နဲ့ ပိုးဟပ်ဖြူလေးတို့ရဲ့ကတောက်ကဆလေးတွေကိုအသဲတယားယားနဲ့ဖတ်ရမှာပါ....