"ကဲ မင်းတို့နှစ်ယောက် မဖြစ်သင့်ဘူးစိုတာရောသိလား"
ကျန်သူများမှာ ဆရာမပြောလာမည့်စကား များကိုသာ ငြိမ်၍ နားထောင်နေကျသည်။
နောက်ကိုကြည့်လိုက်တော့ ခန့်ဘုန်းအောင်နဲ့ မြတ်မင်းခန့်မှာ လက်ချင်းတွဲ၍ ဝင်လာကြသည်။ မျက်နှာတွေကလဲမကောင်း ငိုထားကြသည်။ အခြေနေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက် တွဲနေပြီ ဒါကို ဆရာမက မိသွားလေခြင်း။ ဒါကြောင့် ဆရာမ ပြောလာမည့်စကား များကိုသာ ငြိမ်၍နားထောင်ရုံပင်။"ဘာကိုမဖြစ်သင့်တာလဲဆရာမ"
ခန့်ဘုန်းအောင်မှာ မနေနိုင်မထိုင်နိုင် ပြန်မေးမိသည်။ ဟုတ်တယ်လေ ဘာကို မဖြစ်သင့်တာလဲ လူလူချင်းချစ်ကြတာပဲကို။
မြတ်မင်းခန့်ခမျာ ဆရာမကိုကြောက်၍ ခန့်ဘုန်းအောင်ကို ဘာမှ ပြန်မပြောရန် လက်ကုတ်နေရသည်။ ဒါကိုဒင်းကမရ ဆက်ပြောသည်။
"လူလူချင်းချစ်တာ ဘာကိုမဖြစ်သင့်တာလဲ မသိဘူး"
ဆရာမမှာ စိတ်ကလဲတို ဒါကို သကောင့်သားက ပြန်ခံပက်လေတော့ ဒေါသအရှိန်မှာ ပိုလို့မြင့်တတ်လာလေတော့သည်။
"မင်းကလဲ ယောကျာ်းလေ မြတ်မင်းခန့်ကလဲ ယောကျာ်းလေး ဒါဟာ ဘယ်လိုမှမဖြစ်နိုင်ဘူး"
"ဘာလို့လဲ အချစ်ကအချစ်ပဲလေ သားတို့အချစ်က ပိုလို့တောင်ဖြူစင်သေးတယ် တဏှာ ရာဂ ကင်း .."
ဒုန်း*
ဆရာမမှာ ခန့်ဘုန်းအောင်ကို စကားကိုဆုံးအောင် ပြောခွင့်မပေး ခုံကိုအားနဲထုချပစ်လိုက်ကာ မတ်တပ်ရပ်လိုက်သည်။
"မင်းတို့နှစ်ယောက်လမ်းခွဲ မဟုတ်ရင် ငါ့ဘော်ဒါကထွက်"
ကျန်သူများမှာ ထိုစကားကြားလျှင်ဖြင့် ပြာပြာသလဲ ဝိုင်းတောင်းပန်ကျသည်။
"မလုပ်ပါနဲ့ ဆရာမရယ် စာမေးပွဲကလဲနီးနေပြီ.."
"ငါစကားကို နှစ်ခါပြန်မပြောဘူး ငါ့ဘော်ဒါတော့ နာမည်အပျက်မခံနိုင်ဘူး"
သူတို့စကားတောင်ဆုံးအောင် မပြောလိုက်ရ ဆရာမက ဖြတ်ကာ သံမဏိမိန့် ချမှတ်သွားလေသည်။
YOU ARE READING
The End (Complete)
Short Storyရန်ကုန်မှာ ၁၀တန်းကျပြီး မြောင်းမြမှာလာတတ်တဲ့ခန်းဘုန်းအောင်နဲ့ ပိုးဟပ်ဖြူလေးတို့ရဲ့ကတောက်ကဆလေးတွေကိုအသဲတယားယားနဲ့ဖတ်ရမှာပါ....