ဒေါက် ဒေါက် ဒေါက်
"ခန့်ကြီး ငါပါ ဝင်လာခဲ့မယ်နော်"
"အင်း"
အခန်းထဲရောက်တော့တွေ့လိုက်ရပါပြီ ကျွန်တော့ရဲ့ အဆိုးအပေလေးကို သူအိပ်နေတဲ့ ကုတင်ဘေးဝင်ထိုင်ရင်း နှာဖူးပြင်ကို လက်နဲ့စမ်းကြည့်လိုက်တယ်။
"အဖျားရှိနေသေးတာပဲ ဒီနေ့တရက်ကျောင်းနားလိုက် မင်းကိုငါစာကူရေးပေးမယ်"
"ပိုးဟပ်ဖြူလေးပင်ပန်းနေမှာပေါ့ မခိုင်းရက်ဘူးကွာ"
ဒီအပြော ဒီအပြော လူကိုသေစေနိုင်တဲ့လက်နက် ခန့်ကြီးရေ ငါတော့ရှင်ချင်တယ်ဟေးး
"ဒီလောက်နဲ့သေမသွားဘူး စိတ်ပူမနေနဲ့ နေကောင်းအောင်သာနေ ၁ရက်စာပဲရေးပေးမှာ"
ဟူး ဒီကောင်မလွယ်ဘူး လူကရင်ခုန်နေပါတယ်စို အသေ flirt နေတာ ဘာမှမဖြစ်ချင်ယောင်ဆောင်ရတာရူးတော့မှာပဲ။
သူသိသွားလို့မဖြစ်ဘူး တော်ကြာ ငါက Gay ပါစိုပြီး ရွံသွားရင်ငါနဲ့ဝေးရာထွက်သွားလိမ့်မယ် ငါဟန်ဆောင်ကောင်းဖို့လိုတယ်။
မင်းခန့်သိပါသည် ကိုယ့်ကိုယ်ကိုယ် Gay စိုတာကိုစသိလိုက်ရတဲ့အချိန် အရမ်းကိုရှောခ့်ရသွားခဲ့တယ် မဖြစ်နိုင်ပါဘူးပေါ့ ။
ဘာလို့စို ကျွန်တော်တခြားယောကျာ်းတွေကို စိတ်ဝင်စားမှု စိုးစဥ်းမျှမရှိခဲ့ဘူး ခန့်ဘုန်းအောင်စိုတဲ့ အဆိုးအပေလေးကိုပဲချစ်ခဲ့တာ။
ခုစိုကျွန်တော့ကိုအရင်လောက်ဂရုမစိုက်တော့ဘူး မြနှင်းဆီ စိုတဲ့ ကောင်မလေးနဲ့တွေ့တွေ့နေတယ် ခုလိုတခြားမိန်းမတယောက်နဲ့တွဲတွေ့နေရတာ မကြိုက်ပေမယ့် မကြိုက်ကြောင်းပြောဖို့ကျ ကျွန်တော့မှာပြောပိုင်ခွင့်မှမရှိပဲ။
ကိုယ့်မှာခိုးချစ်နေရတာ သူသိသွားရင်စိုပြီး တွေးပူနေရတာ။
တနေ့....ခန့်ဘုန်းအောင်တို့ ferry ကားရှေ့ မြနှင်းဆီစိုတဲ့ ကောင်မလေးကပိတ်ရပ်တယ်။
"ဟေ့ ကောင်မလေး သေချင်လို့လား"
"ကိုကြီး ခန့်ဘုန်းအောင်ကားပေါ်ကဆင်းခဲ့ပေးပါ စကားခနပြောရအောင် ဆင်းမလာရင်ဖယ်မပေးဘူး ကိုယ့်ကိုယ်ကိုယ်သတ်သေပစ်မယ်"
YOU ARE READING
The End (Complete)
Short Storyရန်ကုန်မှာ ၁၀တန်းကျပြီး မြောင်းမြမှာလာတတ်တဲ့ခန်းဘုန်းအောင်နဲ့ ပိုးဟပ်ဖြူလေးတို့ရဲ့ကတောက်ကဆလေးတွေကိုအသဲတယားယားနဲ့ဖတ်ရမှာပါ....