အပိုင်း ၈ [ Unicode Version ]
အနမ်းတွေကို ပြန်လည်တုန့်ပြန်မိလိုက်တဲ့ တစ်ချက်မှာ Baekhyun အသိစိတ်တွေ လုံးဝ ဗလာကျင်းသွားသလိုပဲ ။ သေချာပေါက်ကို သူ့သဘောထား နည်းနည်းမှ မပါပေမယ့် မျက်တောင်ဖျားတွေဟာ မှေးစင်းကျသွားပြီး ခပ်ဖွဖွ မှိတ်သွားတဲ့အပြင် ခြေဖျားတောင် မသိမသာထောက်လို့ မော့နမ်းလိုက်မိသေးတယ် ။
ရူးသွားပြီ ။ သူရူးသွားပြီ ။ ဒါ သူမဟုတ်ဘူး ။ ဘယ်လိုဖြစ်လို့ ဒီခန္ဓာကိုယ်က သူ့သဘောထားမပါတဲ့ အရာတွေကို လုပ်ဆောင်နေရတာလဲ ။ ဒီလိုလုပ်လို့ မရဘူးလေ ။
ရုန်းကန်မှုတွေ ငြိမ်ကျသွားတဲ့အခါ အနည်းငယ် အားသုံးလို့ ထိန်းချုပ်ထားတဲ့ ပါမောက္ခ Park ရဲ့ လက်တွေဟာ ပြေလျော့ကျသွားတယ် ။ အဲ့အခိုက်ကိုပဲ အခွင့်ကောင်းယူလို့ Baekhyun ဟာ မိမိခန္ဓာကိုယ်ကို မနည်းထိန်းချုပ်ရင်း အနမ်းယာဥ်ကြောက လွတ်မြောက်နိုင်ဖို့ ရှေ့က ရင်အုပ်အကျယ်ကြီးကို တွန်းလွှတ်ပစ်လိုက်တယ် ။
ခန္ဓာကိုယ်နှစ်ခု ပြန်လည်ဝေးကွာသွားတဲ့ အခြေအနေမှာ Baekhyun ရှေ့ကလူ့ကို မကျေမနပ် မျက်လုံးလှန်ကြည့်ရင်း နှုတ်ခမ်းတွေကို လက်ခုံနဲ့ ဆွဲပွတ်ပစ်လိုက်ပါရဲ့ ။
အဲ့ဒါကို မြင်တော့ ပါမောက္ခ Park ရဲ့ မျက်ခုံးတွေက ပိုလို့စုကြုံ့သွားတော့တယ် ။
ဘာလဲ ။ ဒီမနှစ်မြို့စရာ ကောင်းတဲ့ အပြုအမူက ?
Baekhyun ဟာ စိတ်လိုလက်ရ ခဏတာတုန့်ပြန်မိလိုက်တဲ့ မိမိမူပိုင် ခန္ဓာကိုယ်ကြောင့် မကျေမနပ် ရန်တွေ့ရမှာကိုတောင် ဘယ်ကနေ ဘယ်လိုစပြောရမှန်း မသိဘူး ။ စူးစူးဝါးဝါး မော့ကြည့်နေရုံအပြင် ဘာမှ မတတ်နိုင်တဲ့ အခြေအနေမှာ ပါမောက္ခ Park ဆီကပဲ ခပ်အေးအေးစကားတစ်ခွန်း ထွက်ပေါ်လာတယ် ။
" ဒါမျိုးဆို ကြိုက်တာလား ? "
" ခင်များ - "
Baekhyun ဟာ ရှေ့ဆက်ဖို့ ဝါကျကောင်းကောင်း ဘယ်လိုမှ ရှာမတွေ့ခဲ့ ။ အကယ်၍ သူ့ဘက်က ရုန်းကန်ခဲ့တာချည်း သီးသန့်ဆိုရင် ပေါက်ကွဲပြီး တစ်ချက်လောက် ထိုးလိုက်လို့တောင် ရသေးတယ် ။ ခုက သူ့ဘက်ကတောင် မော့နမ်းလိုက်သေး ။ ဒါက အသိသာကြီး ကြိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမလား ။
![](https://img.wattpad.com/cover/276484549-288-k505946.jpg)
YOU ARE READING
Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]
Fanfiction( Completed ) သူ့ဘဝကြီးက လုံးဝ ပျက်စီးသွားပြီ ။ အသက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ Baekhyun ခံစားလာရတယ်။ ဒီအိမ်ထောင်ရေးကြီးကနေ သူလွတ်မြောက်ချင်နေပြီ ။ အကယ်၍များ ငယ်ရွယ်သေးတဲ့ အချိန်တွေကို ပြန်ရမယ်ဆိုရင် သူလဲလှယ်ဖို့ ဆုံးဖြတ်မိမလားဆိုတာ ~