အပိုင်း ၁၆

3.6K 676 31
                                    

အပိုင်း ၁၆ [ Unicode Version ]

လေ့လာရေးခရီးမှာ နေ့ခင်းတစ်နေ့ခင်းလုံးကတော့ ကစားဖို့ သက်သက်ချည်းပဲ ။ မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ အေးစိမ့်နေတဲ့ ရာသီဥတုက နေ့လည်ပိုင်းမှာတော့ နည်းနည်း နေသာသလိုရှိတယ်။ နေရောင်အောက်က မြက်ခင်းပြင်ကျယ်ကြီးကလည်း ဒီလို ပြေးလွှားကစားနေဖို့အတွက် အကောင်းဆုံးပဲလေ ။

ကာယနည်းပြ ပီသတဲ့ Baekhyun ကတော့ ကလေးတွေနဲ့အတူ ဘော်လီဘော အပျော်ဆော့ရင်း တဟေးဟေး တဝါးဝါးနဲ့ ပျော်နေတယ် ။ အခြားဆရာတွေကတော့ စိတ်ပါရင်တောင် ကိုယ်မပါနိုင်ကြတော့တာများတယ် ။ ဒေါက်တာလေးကျတော့လည်း ကိုယ်က ဖြတ်လတ်တုန်းပေမယ့် အနေအေးတဲ့သူမို့ စိတ်မပါပြန်ဘူး ။

ပြီးတော့ သူတို့ Camp ချထားတဲ့ မြက်ခင်းပြင်နဲ့ သစ်ပင်ခပ်ပါးပါး အခြားမှာ ရေတသွင်သွင်စီးနေတဲ့ စမ်းချောင်းလည်းရှ်ိတယ် ။ အဲ့တော့ အခြားဆရာတွေအုပ်စု အနီးနားက တည်းခိုခန်းမှာ ငါးမျှားတံတွေ သွားငှားကြရင်း သူတို့ဝါသနာနဲ့သူတို့ဟုတ်နေရောပဲ။

ငါးမျှားချိတ်မှာ တပ်ထားတဲ့ ငါးစာကို ငါးတွေလာဟပ်ကြမယ့်အချိန် စိတ်ရှည်ရှည်ထားပြီး စောင့်နေရင်း ဒေါက်တာလေးနဲ့ ဆရာတွေအုပ်စုဟာ သစ်ပင်ခပ်ပါးပါး အခြားက နည်းပြ Byun နဲ့ ကျောင်းသားတွေ အုပ်စုကိုကြည့်ပြီး သဘောတကျ ပြုံးရယ်နေကြတယ် ။

" နည်းပြ Byun ကတော့ ကလေးတွေနဲ့အပြိုင် ဖြတ်လတ်နေရောပဲ ။ မသိရင် ဆယ်ကျော်သက်လေးကျလို့ "

" ဟုတ်ပါ့ဗျာ ။ ကျွန်တော်ကတော့ ကိုယ်က ဖြတ်လတ်သေးရင်တောင် စိတ်က မဖြတ်လတ်တော့ပါဘူး ။ "

ဒေါက်တာလေးဟာ မိမိထက် အသက် 8 နှစ်တောင်ကြီးတဲ့ ဆရာကို ပြုံးရွှင်ရွှင် မျက်နှာထားလေးနဲ့ ပြန်ဖြေလိုက်ပြီး အကြည့်တွေက မထင်မှတ်ပဲ ပါမောက္ခ Park စာထိုင်ဖတ်နေတဲ့ ဆီကို ရောက်သွားလေရဲ့ ။

ပါမောက္ခ Park ဟာ စာအုပ်ကို ကိုင်ထားပေမယ့် အကြည့်တွေကတော့ စာအုပ်မှာ ရှိမနေဘူး ။ သူ့အကြည့်တွေရဲ့ ဦးတည်ရာက ကျောင်းသားတွေဘက်ဆိုပေမယ့် ပြုံးယောင်သမ်းနေတဲ့ နှုတ်ခမ်းတွေရယ် ၊ တစ်စုံတစ်ယောက်ကိုပဲ အာရုံစိုက် လိုက်ကြည့်နေပုံရတဲ့ ဟန်တွေရယ်ကြောင့် ဒေါက်တာလေးရဲ့ မျက်နှာမှာ အနည်းငယ် နားမလည်နိုင်မှုရိပ်လေးတွေ ယှက်သန်းသွားတယ် ။ သူက ပါမောက္ခ Park ဘာကိုများ အာရုံရောက်နေသလဲဆိုတာကို ဦးတည်ချက်အတူတူလိုက်ကြည့်ဖို့ ပြင်လိုက်ပေမယ့် လက်က ဆွဲအားတစ်ခုရဲ့ လှုတ်ခပ်မှုကို ခံစားလိုက်ရလေရဲ့ ။

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now