အပိုင်း ၁၃ [ Unicode Version ]
သူ့ပစ္စည်းလေး နည်းနည်း လျှောက်စပ်စုရုံပဲကို တအားအဖြစ်သည်းပြနေတဲ့ ပါမောက္ခ Park ရဲ့ အမူအယာကြောင့် Baekhyun ဟာ မျက်လုံးလေး ကလယ် ကလယ်နဲ့ပဲ အောက်နှုတ်ခမ်းလေးကို မသိမသာဆူထော်ပစ်လိုက်တယ် ။
" မဟုတ်ပါဘူး ။ ကျွန်တော်က ဒီတိုင်း လက်အိတ်ရှာရင်းနဲ့ တွေ့လို့ ခဏယူကြည့်တာပါ ။ ခင်များပစ္စည်းတွေ ပဲ့ပါသွားတာလဲ မဟုတ်ပဲနဲ့ "
ပါမောက္ခ Park ဟာ လက်ထဲ အကောင်းတ်ိုင်း ရောက်နေပြီဖြစ်တဲ့ ထိုဘူးကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားဟန်တော့ရှိတယ် ။ ဒါပေမယ့် စိတ်ရှုတ်နေတဲ့ မျက်နှာအမူအယာကိုတော့ မပြင်နိုင်သေးဘူး ။
" နောက်တစ်ခါ ငါ့ပစ္စည်းတွေကို ငါခွင့်မပြုပဲ ယူမကိုင်နဲ့ "
" ဟွန်း...ဘယ်သူကမှလည်း ကိုင်ချင်မနေပါဘူး "
Baekhyun ဟာ ဆူအောင့်အောင့် လေသံနဲ့ပဲ ပါမောက္ခ Park ကို မျက်စောင်းထိုးကြည့်ပြီး ရေချိုးခန်းထဲ ဝင်သွားလေရဲ့။
စိတ်ရင်းအခံက အဲ့လောက်မဆိုးဘူးဆိုလည်း ဘာလုပ်ရမှာလဲ ။ စကားပြောတဲ့ပုံက အဲ့လောက် ကြမ်းတမ်းနေတာကို ။ မကွာပဲ 6 နှစ်တိတိ သည်းခံပေါင်းလာတာပဲ ကျေးဇူးတင်လိုက် ။
_________________________________
ည 11 နာရီခန့်အချိန်မှာတော့ တစ်အိမ်လုံး အိပ်မောကျနေပြီ ။ မီးရောင်သဲ့သဲ့ တစ်ခုမှတောင် မရှိတော့တဲ့အထိ မှောင်မည်းနေတဲ့ အခန်းတွင်းမှာ ပါမောက္ခ Park တစ်ယောက် နဖူးပေါ် လက်တင်ထားရင်း ခုထိ မျက်လုံးတွေ ဖွင့်ဟလျှက် ရှိနေလေရဲ့ ။
ဘေးနားက Byun Baekhyun ဆီ ခေါင်းစောင်းပြီး ကြည့်လိုက်တော့ နှုတ်ခမ်းဟလျှက်သားနဲ့ အသက်ရှူသံပြင်းပြင်းလေးထွက်ပေါ်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရုံသာမက အိပ်မက်တွေ ဘာတွေပါ မက်နေပုံပဲ ။
သက်ပြင်း ခပ်ဖွဖွ ချလိုက်ပြီးတဲ့နောက်မှာ ပါမောက္ခ Park ဟာ ဘေးကလူ နိုးမသွားဖို့ သတိလေးထားပြီး ခပ်ဖြည်းဖြည်းလေး အိပ်ယာထဲက ထလာလိုက်တယ် ။ အဲ့ဒါပြီးနောက်မှာတော့ အရင်နေရာမှာ ပြန်သိမ်းဖို့ စိတ်မချတာမို့ လက်ဆွဲအိတ်ထဲ ထည့်ထားတဲ့ ဘူးသေးသေးလေးကို စမ်းပြီး ထုတ်ယူလိုက်တယ် ။
YOU ARE READING
Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]
Fanfic( Completed ) သူ့ဘဝကြီးက လုံးဝ ပျက်စီးသွားပြီ ။ အသက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ Baekhyun ခံစားလာရတယ်။ ဒီအိမ်ထောင်ရေးကြီးကနေ သူလွတ်မြောက်ချင်နေပြီ ။ အကယ်၍များ ငယ်ရွယ်သေးတဲ့ အချိန်တွေကို ပြန်ရမယ်ဆိုရင် သူလဲလှယ်ဖို့ ဆုံးဖြတ်မိမလားဆိုတာ ~