အပိုင်း ၂၀ [ Alert ]

4.6K 655 57
                                    

အပ်ိုင်း ၂၀ [ Unicode Version ]

" နည်းပြ Byun ! နည်းပြ Byun "

ဝေးကွာသလို ဖြစ်နေတဲ့ အသံတွေက မိမိပုခုံးကို လက်တစ်ဖက်လာထိတော့မှပဲ Baekhyun ငေးမောနေရာကနေ ဆတ်ခနဲ သတိပြန်ဝင်လာတယ် ။

" ဗျာ ? ဟုတ် ဆရာ Kim ။
ဘာပြောလိုက်တာလဲ မသိဘူး "

" အာ...ဒီ စာရင်းတစ်ထပ်ပြီးရင် နားဖို့ပြောနေတာ ။
နည်းပြ Byun ဒီနေ့ စိတ်နဲ့လူနဲ့ ကပ်ပုံမရဘူး ။
တစ်ခုခု စိတ်ပူစရာ ရှိနေလို့လား "

" အဲ့လိုမျိုး မရှိပါဘူး "

နည်းပြ Byun ပြုံးပြနေတဲ့ အပြုံးတွေက ဒီနေ့ လုံးဝ အသက်မဝင်ဘူး ။ မျက်နှာတွေ နှုတ်ခမ်းတွေကလည်း ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့အပြင် အခြားလူကို ရင်ဖွင့်ချင်စိတ်လည်း ရှိပုံမပေါ်ဘူး ။

စိတ်ပူစရာ မရှိဘူးပြောပြီး နောက်တစ်ကြိမ် ဘောပင်ကို ကိုင်လျှက်သားနဲ့ စာရွက်တွေကို အကြာကြီး ငေးနေပြန်တဲ့ နည်းပြ Byun ကြောင့် ဆရာ Kim ဘာမှ ဆက်မပြောတော့ပဲ ချောင်းလေး အသာဟန့်လို့ တစ်ယောက်တည်း ပေးနေလိုက်တယ် ။

Baekhyun ခေါင်းထဲမှာတော့ ဒီအချိန်ထိ အတွေးပေါင်း မြောက်များစွာနဲ့ ရှုပ်ယှက်ခတ်နေတုန်းပဲ ။

ဒီခန္ဓာကိုယ်က သူ့ အပိုင်မဟုတ်ဘူး ဆိုတာကို မေ့လောက်တဲ့အထိ သူနေသားကျနေခဲ့ပြီလေ ။ အခုချိန်မှ အခြေအနေတွေကို ချက်ချင်း ဘယ်လို ပြောင်းလဲ ပစ်ရမှာလဲ ။

အဖေနဲ့အမေကိုတော့ လွမ်းပေမယ့် ...

သူဟာ အထက်တန်းကျောင်းက သူငယ်ချင်းတွေထက် ၊ တက္ကသိုလ်က ဆရာတွေနဲ့ စကားပြောရတာကို ပိုနှစ်ခြိုက်လာတတ်ပြီလေ ။ နောက်နှစ်မှာ ပြန်တွေ့ဖို့ ပျော်ပျော်ကြီး နှုတ်ဆက်သွားရှာတဲ့ သူ့တပည့်တစ်အုပ်ရဲ့ မျက်နှာတွေကို သူပြန်မြင်ချင်သေးတယ် ။ ဂိမ်းစက်တွေထက် သူအခု Mobile game ကို ပိုသဘောကျတယ် ။

ဒါပေမယ့် အားလုံးဟာ အကြောင်းပြချက် အတုအယောင်တွေချည်းပဲ ။ တကယ့် အကြောင်းပြချက် အစစ်အမှန်က ခေါင်းထဲကို ရောက်မလာဖို့ Baekhyun ကြိုးစားပြီး အခြားအကြောင်းအရာမျိုးစုံနဲ့ အတွေးတွေ လွှဲနေမိတယ် ။ နောက်ဆုံးတော့ ကျရှုံးတာပါပဲ

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now