ep 1

908 104 1
                                    

Zawgyi

    မြို့ပြင်က ဟိုင်းဝေး လမ်းမကြီးပေါ်မှာ တရွေ့ရွေ့သွားနေတဲ့ နောက်ဆုံးပေါ် ကားတစ်စီးး   ဦးတည်ရာက လောကကြီးက ထွက်ခွာသွားတဲ့သူတွေရဲ့ နားနေရာဖြစ်တဲ့ သုသာန် တစ်ခုဆီ ...

သွားလိုရာ နေရာတစ်ခုနားရောက်တော့ ကားလေးဟာ ဖြည်း
ဖြည်းချင်းရပ်တန့်သွားခဲ့သည် ....သက်တော်စောင့်တစ်ယောက်က ခပ်မြန်မြန်ဆင်းပြီး နောက်ခန်းက တံခါးကို ဖွင့်လိုက်တော့ ပေါ်လာတဲ့ ပြောင်လက်နေတဲ့အနက်ရောင် လေသာရှူးစီးထားတဲ့ ခြေထောက်တစ်စုံ ...

ရှည်လျားသွယ်လျတဲ့ ခြေထောက်တစ်စုံရယ် , ခပ်ကျယ်ကျယ်ရင် ရင်ခွင်ကြီးရယ် , ဖြူနုနေတဲ့ အသားအရေ ရယ် မတိုမရှည် ဆံပင်နက်နက်လေးတွေရယ် က အနက်ရောင် suitနဲ့  လုံးဝ လိုက်ဖက်ညီနေခဲ့တယ် ....

မျက်ခုံးတန်း ထူထူနဲ့  မျက်တောင်ရှည်တွေ ခပ်စိပ်စိပ် ဝန်းရံထားတဲ့ လှပတဲ့ မျက်ဝန်းတစ်စုံနဲ့ နှာတံစင်းစင်းပေါ်က မှဲ့နက်လေး က မြင်သူတိုင်းကို ရင်သပ်ရှူမောစေသလို...ခပ်တင်းတင်းစေ့ထားတဲ့ ကြက်သွေးရောင် နှုတ်ခမ်းဖူးဖူးလေးကတော့ ထိုသူရဲ့ အေးစက်မှု အတိုင်းအတာကိုကို ဖော်ပြနေသ
ယောင် ..

ကားပေါ်က ဆင်းလိုက်ပြီး ရှေ့တည့်တည့်ကမြင်နေရတဲ့
အုတ်ဂူဖြူဖြူလေးတွေရှိရာ တောင်ကုန်းလေးပေါ် ခပ်မှန်မှန်  လျှောက်သွားပြီး  ဘတ်ဆွန်းဝူ နဲ့  ချွဲယူဂျင်း ဆိုတဲ့  အုတ်ဂူနှစ်ခုရှေ့ရောက်တော့ သူ့ ခြေလှမ်းတွေရပ်တန့်သွားသည် ...

လက်ထဲပါလာတဲ့  နှင်းဆီပန်းစည်းနှစ်စည်းကိုနေရာချပေး
လိုက်ရင်း အရိုအသေပေးလိုက်သည် ။

' မာမီကြိုက်တဲ့ နှင်းဆီနီတွေ ယူလာတာ မာမီ သဘောကျမယ်လို့ သားမျှော်လင့်ပါတယ်...

အရင်နှစ်တွေတုန်းက ရောက်မလာနိုင်ခဲ့တာ တောင်းပန်ပါ
တယ်   သားအမြဲတမ်း သတိတနေခဲ့တာ ပြီးတော့ လွမ်းတယ် ..

ပင်ပန်းလာတဲ့အချိန်တိုင်း ကျွန်တော့ကိုထွေးပွေ့ပေးမယ့် ဒယ်ဒီနဲ့  မာမီ မရှိတော့  လောကကြီးထဲမှာ တစ်ယောက်တည်း  နေထိုင်ရတာ တကယ်အဆင်မပြေပါဘူး..

My Husband Is A GangsterWhere stories live. Discover now