ep 6

924 94 21
                                        

Zawgyi

" ဘာတဲ့လဲ ယွန်းလေး "

" အိမ်ပြန်နောက်ကျမယ်ပြောတယ် ဒေါ်ကြီး "

သူဖုန်းပြောတာကို တစ်ချိန်လုံးစောင့်ကြည့်ကာ မေးလာသည့် ဒေါ်ကြီး၏ စကားကို စိတ်ပျက်လက်ပျက်သာ ပြန်ဖြေဖြစ်သည် ။ မနေ့က ကိတ်လုပ်ပေးတာက အလုပ်မဖြစ်လိုက်သည့်အတွက် ဒေါ်ကြီး အကူအညီနဲ့ daddy ကြိုက်တတ်သည့် ဟင်းတွေကို မေးကာ ဂျယ်ယွန်းကိုယ်တိုင် ညစာချက်ထားခြင်းဖြစ်သည် ။

ကျွန်တော်နဲ့စာရင် daddy နဲ့နေတာ နှစ်နှစ်လောက်ကြာနေပြီဖြစ်တဲ့ ဒေါ်ကြီးက ပိုသိလောက်တယ်မလား ။ သူပထမဆုံး ချက်ဖူးတဲ့ ဟင်းတွေကို daddy ကို စားစေချင်ပေမယ့် ဒီနေ့လဲ အလုပ်မဖြစ်ပြန်တော့ဘူး ထင်ပါတယ် ။ အိမ်ပြန်နောက်ကျမည်ဖြစ်သောကြောင့် ထမင်းစား စောင့်မနေနဲ့ ဟူသည့် အဖြေသာပြန်ရ၏။

မတတ်နိုင်ဘူးလေ သူ့ယောက်ျားက အလုပ်များတဲ့သူဆိုတော့ နားလည်ပေးရမှာပေါ့ ။ ဒါပေမယ့် အများကြီးချက်ထားတာမို့ ဂျယ်ယွန်းတစ်ယောက်ထဲတော့ ကုန်အောင်စားနိုင်မယ်မထင်ဘူး။

" ဒေါ်ကြီးလဲ ကျွန်တော်နဲ့အတူဝင်စားလိုက်လေ "

"သင့်တော်ပါ့မလား သားရယ် ဒေါ်ကြီး မစားတော့ပါဘူး နောက်မှပဲ စားလိုက်ပါ့မယ် "

"မဟုတ်တာ ကျွန်တော် တစ်ယောက်တည်းမစားချင်လို့ အတူစားပေးလို့မရဘူးဟင် "

" ဟုတ်ပါပြီရှင် "

တစ်ယောက်တည်း မစားချင်လို့ ဟုဆိုကာ အတူစားခိုင်းနေသည့် ကလေးလေးကိုကြည့်ကာ သူမ သနားနေမိသည်။

လက်ထပ်ပြီးတာ တစ်လနီးပါးသာရှိသေးသည့် ဇနီးမောင်နှံအနေနဲ့ ဒီအချိန်က တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်တဲ့ ဆက်ဆံရေးဖြစ်နေရမှာမလား ?။ ဘော့စ်က တော့ ဂျယ်ယွန်းလေးကို သိသိသာသာရှောင်နေသလိုပင်။ ဘာသဘောနဲ့ ဒီလိုတွေလုပ်နေမှန်း သူမ တကယ်မတွေးတတ်တော့ပါ ။

" ဟင်းတွေ ဘယ်လိုနေလဲ ဒေါ်ကြီး "

" ကောင်းပါတယ် ပထမဆုံးသင်ဖူးတာကို ဒီလောက်ချက်နိုင်တာဆိုတော့... ဂျယ်ယွန်းလေးက သင်ယူနိုင်စွမ်း တော်တော်မြန်တာပဲ...

My Husband Is A GangsterWhere stories live. Discover now