Zawgyi
𝘓𝘰𝘷𝘦 𝘎𝘢𝘳𝘥𝘦𝘯 ♡
𝘕𝘪𝘨𝘩𝘤𝘭𝘶𝘣 & 𝘉𝘢𝘳
Seoul မြို့၏ လူစည်ကားတဲ့ မြို့လယ်က ရပ်ကွက်တစ်ခု
ကနှစ်ထပ်အဆောက်အဦးကြီးတွင် တည်ရှိသော ၂၄ နာရီလုံးဖွင့်သော Bar တစ်ခုဖြစ်သည် ။ နာမည်နဲ့ လိုက်ဖက်စွာပင် အဆောက်အဦးတစ်ခုလုံးကို သစ်ပင်ပန်းပင်လေးများ ရောင်စုံမီးရောင် အနုအရွလေး များဖြင့် ပြင်ဆင်မွမ်းမံထားသည်။ လူစည်ကားတဲ့ မြို့လယ်တွင် ရှိသည့်အပြင် ဝန်ဆောင်မှုများကလဲ အကောင်းဆုံးတွေပဲ ပေးထားသည်မို့ 𝘓𝘰𝘷𝘦 𝘎𝘢𝘳𝘥𝘦𝘯 ၌ အမြဲတမ်း လူစည်ကားနေတတ်သည် ။ဆိုင်၏ အတွင်းဘက်တွင်တော့ ဆိုဒ်စုံ တံဆိပ်စုံ ဘီယာပုလင်းများ , ဝိုင်ပုလင်းများ , ဝိုင်ခွက်များ ကို နံရံကပ် စင်ကြီးကြီးတစ်ခုပေါ်တင်ကာ စနစ်တကျ နေရာချထားသည့် bar ကောင်တာတစ်ခု ရှိ၏။ ထိုbar ကောင်တာ အရှေ့တွင်တော့ ဆံပင်ရှည်ကို စီးကာ ကြိုးနှစ်ဖက်ပါတဲ့ စတိုင်ပင် အမဲကို တီရှပ်အဖြူ လက်တိုဖြင့်တွဲဝတ်ထာတဲ့ ဘော်ဒီခပ်တောင့်တောင့်
နဲ့bartender တစ်ဦးက ဖျတ်လတ်တက်ကြွစွာပင် ဝန်ဆောင်မှု ပေးနေသည် ။ ဝိုင်ပုလင်းများကို သွက်လက်စွာ ဖွင့်ကာ သောက်သုံးသူများ စိတ်တိုင်းကျ စပ်ပေးနေသည့် သူ၏ လက်များကတော့ ထိုသူရဲ့ ကျွမ်းကျင်မှုကို ဖော်ပြနေသယောင် ။အခန်း၏ အလယ် စတိတ်စင်မြင့်ပေါ်မှ ပျံ့လွင့်လာတဲ့ DJ သံ မြူးမြူးကြွကြွများကလဲ တလတ်လက်တောက်ပနေသော
ဆလိုက်မီးရောင်များဖြင့် လိုက်ဖက်နေသည် ။ စင်အောက်မှ sexy ကျစွာ ဝတ်စားဆင်ယင်ထားတဲ့ အမျိုးသား/ အမျိုးသမီးများကလဲ DJ သီချင်းရဲ့ စည်းချက်များနဲ့အတူ လိုက်ပါကခုန်နေကြ၏ ။" ရောက်လာပါပြီလား ဘော့စ် "
သူ့ကိုမြင်သည်နှင့် အနားရောက်လာကာ နှုတ်ဆက်သည့် bar မန်နေဂျာကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ အဆောက်အဦးရဲ့ အပေါ်ထပ် က VIP ဧည့်သည်တွေသာ သိတဲ့ နေရာသို့ တက်သွားလိုက်သည် ။ စိတ်ချရသော အလုပ်သမားများနဲ့သာ လက်လွဲထားသဖြင့် နေ့တိုင်းလာကြည့်လေ့မရှိပေမယ့် ဒီနေ့ကတော့ သူနဲ့ မဖြစ်မနေ တွေ့ဖို့လိုနေသည့် သူတွေရှိသည် ဟု ဖုန်းဝင်လာသဖြင့် ရောက်လာခဲ့တာပင် ။
YOU ARE READING
My Husband Is A Gangster
Fanfiction𝐉𝐚𝐤𝐞𝐡𝐨𝐨𝐧 𝐨𝐫 𝐒𝐮𝐧𝐠𝐣𝐚𝐤𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐧𝐟𝐢𝐜♡ Review မရေးပေးတော့ဘူးနော် တန်းသာဝင်ဖတ်လိုက်ကြပါ🤗🖤