ep 2

629 96 9
                                        


Zawgyi

... ဂွမ်..ဂလွမ်.. အ့ ..

မိုးပြာရောင်နုနုလေးများဖြင့် ဆေးချယ်ထားတဲ့ နှစ်ထပ်
တိုက်အိမ်ကြီးရဲ့အပြင်ကပင် ကြားနေရသော ဆူဆူညံညံ အသံများမှာ အိမ်ကြီးရဲ့အတွင်းထဲက မီးဖိုချောင်မှ ထွက်လာခြင်းပင်ဖြစ်သည်....။

ထိုအသံများ၏ ပိုင်ရှင်ကတော့ အေပရွန်အမဲရောင်လေးဝတ်ပြီး ဟိုပြေးဒီပြေးနဲ့ အလုပ်ရှုပ်နေတဲ့ အသက်18နှစ် အရွယ် ရှင်းဂျယ်ယွန်းဆိုသော ကောင်လေးပင် ဖြစ်သည်...

အလုပ်ရှုပ်ဆို ဒီနေ့က သူမြတ်နိုးရပါသော တစ်ယောက်သောသူရဲ့မွေးနေ့လေ ..ဂျယ်ယွန်းမှာ တန်ဖိုးကြီးတဲ့ အရာတွေကို
လက်ဆောင်ပေးဖို့ မတတ်နိုင်သေးတဲ့ တက္ကသိုလ် ကျောင်းသားတစ်ယောက်ပေမို့ ဂျယ်ယွန်းကိုယ်တိုင် မွေးနေ့ကိတ်
လုပ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်မိတယ် ...

အဲ့တာကြောင့် ဂျယ်ယွန်း မနက်အစောကြီးထပြီး အိမ်နဲ့နီးတဲ့ စူပါမားကတ် တစ်ခုသို့သွားကာ လိုအပ်တာတွေ ဝယ်လာခဲ့ခြင်းဖြစ်သည်...။

အရင်တည်းက ကိတ်လုပ်တတ်တဲ့သူတော့ မဟုတ်ပေမယ့် အခုခေတ်ကြီးက ဂလူးဂလူး ခေါက်လိုက်ရင် အကုန်သိနိုင်နေတဲ့ခေတ်ကြီးမို့ ခက်ခဲတာတော့ မဟုတ်ပေ...

မုန်လုပ်နည်းတွေကို google က ရှာပြီး နာရီဝက်လောက်
လေ့လာလိုက်တော့ ဂျယ်ယွန်းအတော်အသင့်နားလည်နေပြီ
ဖြစ်တာမို့ iPad ကို ထမင်းစားပွဲပေါ်တင်လိုက်ပြီး ချက်ချင်းပင် အကောင်အထည်ဖော်လိုက်တော့သည် ....။

ထမင်းချက်အဒေါ်ကြီးက ဝင် ကူညီပေးရန် ပြောပေမယ့် ဂျယ်ယွန်း ငြင်းလိုက်၏ ...

ချစ်ရသူနဲ့ ပတ်သက်ရင် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျလုပ်ပေးချင်တဲ့ အတ္တလေးကို လူတိုင်းခံစားဖူးကြမှာပင်.တကယ်လို့ ခင်ဗျားသာ ဒီခံစားချက်ကို မခံစားဖူးဘူးဆိုရင် သေချာပေါက် ခင်ဗျားက အပ်ဖအေတစ်ယောက်ပဲနေမှာ..

ဟုတ်တယ်ဟုတ် ..xD

ဟိုဟာလေး လိုသွားလိုက် ဒီဟာလေးမှားသွားလိုက်နဲ့ တစ်
နေကုန် ကြိုးစားပြီးတဲ့ နောက်မှာတော့ ကံတရား၏ ဆောင်မမှုကြောင့် မွေးနေ့ကိတ် တစ်ခုရခဲ့ပြီ ဖြစ်သလို ဂျယ်ယွန်းရဲ့
မျက်နှာတစ်ခုလုံးနဲ့ ကိုယ်လေးဟာလဲ ဂျုံမှုန့်တွေ နဲ့ ပေပွနေခဲ့လေပြီ...။

My Husband Is A GangsterWhere stories live. Discover now