Zawgyiဂျယ်ယွန်းကို ကျောခိုင်းကာထွက်ခွာသွားတဲ့ daddy ရဲ့
ကျောပြင်လေး သူ့မျက်လုံးရှေ့က ပျောက်ကွယ်သွားတော့မှ အလိုက်မသိကျလာတဲ့ မျက်ရည်တွေကို လျစ်လျူရှူကာ
ကြမ်းပြင်ပေါ် ထိုင်ချလိုက်မိသည် ။' ဘာလို့ ဒီမျက်ရည်တွေ ကျနေရတာလဲ ရှင်မ်းဂျယ်ယွန်း
daddyက ပင်ပန်းနေလို့ ဒီအတိုင်း ..ဒီအတိုင်း စိတ်ဆတ်ပြီးပြောမိတာ..ကို မင်းကဘာလို့ မျက်ရည်ကျနေရတာလဲ daddyက မင်းကို ချစ်တာသိရက်နဲ့ 'ဟု သူ့ကိုယ်သူကို ဖြေသိမ့်လိုက်ပေမယ့် ဂျယ်ယွန်းရင်ထဲက ခံစားချက်တွေကတော့ ပို၍သာ ဆိုးဝါးလာ၏ ။
ကျွန်တော်တို့လက်ထပ်ပြီးတဲ့ တစ်လအတောအတွင်းမှာ daddy က သိသိသာသာကြီးကို ပြောင်းလဲလာတယ် ။
မနက်ခင်းတွေတိုင်းမှာလဲ ဂျယ်ယွန်း မနိုးခင် အလုပ်ကို ထသွားတတ်ပြီး ညဘက်တွေ အလုပ်ကပြန်လာတိုင်းလဲ စာကြည့်ခန်းထဲမှာသာ အချိန်ကုန်ဆုံးကာ ဂျယ်ယွန်း အိပ်ပျော်သွားချိန်မှ အခန်းထဲဝင်လာတတ်သည် ..။
ရှားရှားပါးပါး နှစ်ယောက်ဆုံတဲ့ ထမင်းစားချိန်တွေကျပြန်တော့လဲ ဂျယ်ယွန်းကို မျက်လုံးချင်းဆုံအောင်တောင် မကြည့်ပေ ။
ဒါက..
" ဘေဘီ့ကို အရမ်းချစ်တယ် "
ဆိုပြီး အတင်းလိုက်ပြီး ပိုးပန်းခဲ့တဲ့ ကျွန်တော့် ချစ်သူ
ဟုတ်သေးရဲ့လားတောင် သေချာမတွေးတတ်တော့ပေ ။ကျွန်တော် ဘာတွေ အမှားလုပ်မိထားမှန်း မသိပေမယ့် ဒီလိုမျိုးကြီးတော့ တကယ် မနေတတ်တော့ဘူး daddy ရယ် ...
အဲ့တာက daddy ရဲ့ စိတ်ရင်းအမှန်မဟုတ်ဖို့ ကျွန်တော်
ရဲ့ တစ်ဖက်သတ် ထင်မြင်ချက် တစ်ခုသာဖြစ်ဖို့ သာ ဆုတောင်းမိသည်...။နာကျင်နေတဲ့ နှလုံးသားကို လျစ်လျူရှုပြီး သူ့ရှေ့က ကိတ်
လေးဆီကိုသာ အာရုံပို့လိုက်ထားမိသည်....ကြမ်းပြင်ပေါ် တိုက်ရိုက်ကျမနေတဲ့ ကိတ်လေးရဲ့ တစ်ဖက်က
ကိတ်သားလေးကို လက်ညှိးလေးနဲ့ ကော်ယူရင်း ပါးစပ်ထဲသွင်းလိုက်တော့ ခံစားမိလိုက်တဲ့ အရသာက ဂျယ်ယွန်း ရဲ့ ဝမ်းနည်းမှုတွေကိုတောင် ပျောက်ကင်းသွားစေတယ် ...
YOU ARE READING
My Husband Is A Gangster
Fanfiction𝐉𝐚𝐤𝐞𝐡𝐨𝐨𝐧 𝐨𝐫 𝐒𝐮𝐧𝐠𝐣𝐚𝐤𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐧𝐟𝐢𝐜♡ Review မရေးပေးတော့ဘူးနော် တန်းသာဝင်ဖတ်လိုက်ကြပါ🤗🖤